Ch 154

396 34 1
                                    

Ch 154

****Waning အသန့်ကြိုက်သူများ မဖတ်ပါနဲ့။ အစားစားရင် မဖတ်ပါနဲ့။****

ကလေးလေးသည် မီးဖိုချောင်အပြင်ဘက်တွင် တုန်တုန်ယင်ယင်ရပ်နေကာ သူ့သူငယ်ချင်းကို ဂေဟာမှူးအမေက အပိုင်းပိုင်းလှီးဖြတ်သည်ကို ကြည့်နေသည်။

ဒါက လူ့-အသားဖြစ်ပြီး သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အသားဖြစ်သည်။

ဂေဟာမှူးနဲ့ တခြားအဒေါ်ကြီးတွေက အတူတူလုပ်ပြီး  တရုတ်နံနံနဲ့ ရောကာ ဖက်ထုပ်လုပ်သည်။ အဲ့ဒီမှာရှိတဲ့ လူတွေ သုံးတာက ဝက်သားမဟုတ်ပေ။

ကလေးလေးက ထိုမြင်ကွင်းကို မျက်ရည်များဖြင့် ကြည့်နေကာ ခိုကိုးရာမဲ့ ဖြစ်နေသည်။

သူ့သူငယ်ချင်း နေမကောင်းတဲ့အခါ အဲ့လိုဖြစ်သွားသည်။ အပိုင်းပိုင်းလှီးခံပြီး ဖက်ထုပ်လုပ်ခံလိုက်သည်။

ညစာစားချိန်မှာ ဂေဟာမှူးက ပြုံးပြီး ပိန်ပါးနေတာ ဒါမှမဟုတ် အရပ်ရှည်တဲ့ ကလေးတွေကို ကြည့်ပြီး "ကလေးတို့ ဒီနေ့ ဂေဟားမှူးရဲ့မေမေက မင်းတို့အကြိုက်ဆုံး ဖက်ထုပ်လုပ်ထားတယ်" လို့ အော်လိုက်သည်။

အိုး ရက်စ်!

ငါတို့မှာ စားဖို့ ဖက်ထုပ်တွေ ရှိတယ်~

ကလေးတွေက သူ့မျက်နှာလေးပေါ်မှာ တောက်ပတဲ့ အပြုံးလေးနဲ့ ရွှင်မြူးနေကြသည်။

နောက်ကွယ်မှာ ပုန်းနေတဲ့ လုဇယ်သာ ဂေဟာမှူးကျွေးတဲ့ ဖက်ထုပ်တွေကို ထိတ်လန့်တကြားနဲ့ ကြည့်နေသည်။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဖက်ထုပ်ထည့်ထားသည့် ပန်းကန်လုံးကြီး တင်ထားသေ စားပွဲရှေ့တွင် ထိုင်လိုက်ကြသည်။

ဖက်ထုပ်ထဲက အသားကတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း တာ့နျှိုဖြစ်သည်။ သူ (တာ့နျှို) က သူရဲ့အကောင်းဆုံး သူငယ်ချင်းဖြစ်ပြီး ခုတော့ မရှိတော့ပေ။

လုဇယ်က ၎င်းကို လုံးဝမစားပေ။ သူတို့ ဂရုမစိုက်တာကို အခွင့်ကောင်းယူပြီး ခေါင်းငုံ့ကာ စားချင်ယောင်ဆောင်ပြီး ဖက်ထုပ်တွေကို အိတ်ကပ်ထဲ သေချာထည့်လိုက်သည်။ 

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now