Ch 95

620 63 0
                                    

Ch 95

နောက်တစ်နေ့

ဝိန်ရှောင်ရှောင်က ပစ္စည်းတွေကို ထုပ်ပိုးပြီး တခြားသူတွေက RV ထဲကို ၀င်ပြီး ကျန်တဲ့သူတွေကို လက်ဝှေ့ယမ်းပြီး နှုတ်‌ဆက်သည်။

ဝူရှောင်ရိနှင့် တခြားလူတွေက လက်ဝှေ့ယမ်းပြပြီး RV ထွက်သွားတာကို ကြည့်နေကြသည်။

ဝူရှောင်ရိက သူ့မှာ အခွင့်အရေးမရှိမှန်း သိသည်။ သူထွက်သွားကတည်းက အခွင့်အရေး မရှိတော့ပေ။

တကယ် သူ မထွက်သွားခဲ့ဘူးဆိုရင် ရှောင်ရှောင်က သူ့ကို သဘောကျပြီး လက်ထပ်မှာလား။

ဝူရှောင်ရိက ခေါင်းခါပြီး 'ဘာတွေတွေးနေတာလဲ၊ သူ့မှာ ကလေးတောင် ရှိနေပြီ'

ဒီခရီးမှာ ကလေးတွေနဲ့ ဝိန်ရွှန့်ဟန်ကလွဲရင် သူမ၊ ပေါ်ရီ့လျန်၊ ချီယန်၊ ကျန်းဖုစီ၊ မန်ချင်းနဲ့ ချိန်ရိတို့ပဲ ရှိတော့သည်။

အစက ယွင်ကျောင်းနှင့် ဖေရှီတို့လည်း လိုက်ချင်သော်လည်း သူမက ငြင်းဆန်ခဲ့သည်။

ဘာလို့လဲဆိုတော့ လူတွေအများကြီးရှိတာက ကောင်းတဲ့အရာ မဟုတ်ပေ။

ခရီးက ရှည်လျားပြီး သူတို့မှာ အချိန်တစ်လပဲ ကျန်တော့သည်။

ဖုတ်ကောင်တွေက RV အပြင်ဘက်ကို ထွက်လာတဲ့အခါ ရောက်လာခြင်းကို ဝိန်ရှောင်ရှောင်က ကျင့်သားရနေပြီဖြစ်သည်။

သူတို့တွေက ဖုတ်ကောင်တွေကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်နေပြီ ဖြစ်သည်။

များများတိုက်ခိုက်လေလေ ပိုသန်မာလေလေ ဖြစ်သည်။

RV ကို ပုံမှန်ထက် ပိုမြန်တဲ့နှုန်းဖြင့် မောင်းနှင်သည်။

"ဖေဖေ သမီးတို့က အဖိုးနဲ့အဖွားကို ရှာနေတာလား" ဝိန်ဖိန်က ပေါ်ရီ့လျန်ရဲ့ ရင်ခွင်ထဲကို ပြေးဝင်ပြီး မေးသည်။

သူမမျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ် မှိတ်ကာ သူ့ကို ချစ်စဖွယ် ကြည့်နေသည်။ ထွားကျိုင်းပြီး နူးညံ့တဲ့ လက်က သူ့လက်ကို ဆုပ်ကိုင်ထားသည်။ ၎င်းက ပေါ်ရီ့လျန်ရဲ့ နှလုံးသားကို နူးညံ့သွားစေသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now