Ch 150 (end)

708 57 1
                                    

Ch 150

တစ်ပတ်ကြာပြီးနောက် လူတိုင်းကို ထပ်စစ်ဆေးသည်။ ဘာပြဿနာမှ မတွေ့ရတဲ့အတွက် အားလုံးကို ဝင်ခွင့်ပြုသည်။

ထို့နောက်မှာတော့ ဒီနေရာကို အခြေစိုက်စခန်းလို့ မခေါ်ဘဲ "မြို့သစ်" လို့ ခေါ်သည်။

"မြို့သစ်" က မျှော်လင့်ချက်အသစ်နဲ့ ဘဝသစ်ကို ကိုယ်စားပြုသည်။

"မြို့သစ်" ရဲ့ အပြင်ဘက်တွင် ပတ်ဝန်းကျင်၊ အိမ်များနဲ့ အရာအားလုံးက ပျက်စီးနေသည်။

ဖုတ်ကောင်တွေ၊ အသွင်ပြောင်းတိရစ္ဆာန်များနဲ့ အပင်များမှလွဲ၍ တခြားသတ္တဝါများ မရှိပေ။

အပြင်ဘက်ရှိ သစ်ပင်တွေ ညှိုးနွမ်းပြီး သေဆုံးနေသည်။ ရေနဲ့ မြေဆီလွှာတွေတောင် ပျက်စီးညစ်ညမ်းနေသည်။ လေထုညစ်ညမ်းမှု ပြင်းထန်လာပြီး လူတွေကို အနည်းငယ် အသက်ရှူကြပ်စေသည်။

ကံကောင်းစွာဖြင့် သူတို့နေထိုင်တဲ့ "မြို့သစ်" မှာ ဒီလိုအခြေအနေမျိုး မရှိပေ။

ဒါ့အပြင် အရင်က ကျားယိုအခြေစိုက်စခန်းရှိ လူတွေကို စိုက်ပျိုးဖို့ ခေါ်ပြီး ဝေ့လိုင်အခြေစိုက်စခန်းရှိ လူတွေလည်း အလားတူပါဘဲ။

သူတို့ကို ခေါ်လိုက်တာက အလကား ဘာမှမလုပ်ဘဲ နေခိုင်းဖို့ မဖြစ်နိုင်ပေ။

ဒါပေမယ့် လူတွေအများကြီးရှိတော့ ရက်အနည်းငယ်လောက် အလုပ်ရှုပ်ပြီးမှ အနားယူနိုင်သည်။

ဘာမှလုပ်စရာမရှိတဲ့အခါ စကားမြည်ပြောတာ ဒါမှမဟုတ် ဟိုဟိုဒီဒီ လည်ပတ်ကြည့်လို့ရသည်။

"မြို့သစ်" မှာ မက်မွန်ပင်၊ သစ်တော်ပင် စသဖြင့် အများကြီး စိုက်ထားသည်။

ရာသီဥတုကြောင့် သစ်သီးပင်တိုင်းက ပန်းတွေနဲ့ ပြည့်နှက်နေသည်။ မက်မွန်ပင်အောက်တွင် ထိုင်တာ ဒါမှမဟုတ် တခြားအသီးပင်တွေအောက်မှာ ထိုင်ပြီး ပန်းရနံ့ကို ရှု့စားနိုင်သည်။

အနံ့ပြင်းတာ သို့မဟုတ် နူးညံသော်လည်း ရှုကြည့်လိုက်ရင် နှာခေါင်းကို မယားယံစေဘဲ အဲ့အစား အနံ့အရမ်းမွှေးသည်။

လူများတာကြောင့် သက်ဝင်လှုပ်ရှားနေပြီး ကလေးများစွာလည်း ရှိသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now