Ch 149

440 46 0
                                    

Ch 149

RV က လော့လင်မြို့သို့ ရောက်ရန် လဝက်ခန့် မောင်းနှင်ခဲ့ရသည်။

လူဦးရေများပြားတာကြောင့် ပြန်လာတဲ့ အရှိန်က အများကြီး နှေးကွေးသွားသည်။ ကံကောင်းစွာဖြင့် ဇွန်ဘီဘုရင်ရှိတာကြောင့် လမ်းတစ်လျှောက်လုံး ဖုတ်ကောင်များနဲ့ မကြုံတွေ့ရပေ။ ရံဖန်ရံခါ အသွင်ပြောင်းတိရစ္ဆာန်တချို့နဲ့ ကြုံတွေ့ရတာကလွဲပြီး လမ်းတစ်လျှောက်လုံး အန္တရာယ်မရှိပေ။

RV က အခြေစိုက်စခန်းရဲ့ ဂိတ်ပေါက်တွင် ရပ်လိုက်သည်။ တံခါးဝတွင် ရိုးရှင်းသော အိမ်ငယ်များကို ဆောက်လုပ်ပြီး တံခါးစောင့်များ ၎င်းအထဲတွင် ထိုင်နေကြသည်။

အစကတည်းက တံခါးစောင့်နှစ်ယောက်ဖြစ်သည့် ဆုန့်ယွီချန်းနဲ့ လျှိုရှန်းတို့ နှစ်ယောက်စလုံးက အသက်သုံးဆယ်ကျော်ရှိပြီ ဖြစ်သည်။

ဆုန့်ယွီချန်းက ဒီဘက်မှာ ကားအမြောက်အမြား ရပ်နားတာကိုမြင်ပြီး ချက်ချင်း ဝူရှောင်ရိကို သွားရှာသည်။ ကားအမြောက်အမြား ရှိတာကြောင့် သေချာပေါက်ကို သူ့ကို သတင်းပို့ရလေသည်။

လူအများကြီး မဟုတ်ပါက သူတို့ကို စစ်ဆေးပြီးနောက် ဝင်ခွင့်ပေးနိုင်သည်။ လူအရမ်းများပါက စစ်ဆေးရန် မလွယ်ကူကာ လူပိုလိုသည်။

ဆုန့်ယွီချန်းက အမြင်စူးရသည်။ RV နဲ့ တခြားကားတွေ ဂိတ်ပေါက်ကို မရောက်ခင် လူရှာရန် သွားနေပြီဖြစ်သည်။

ထို့ကြောင့် အခုအချိန်တွင် လျူရှန်း တစ်ယောက်တည်းသာ စောင့်ရှောက်ရန် ကျန်တော့သည်။

ဝိန်ရှောင်ရှောင် ကားပေါ်ကဆင်းပြီး သိပ်မကြာခင်မှာပဲ ဝူရှောင်ရိက လူအယောက် နှစ်ဆယ်နဲ့ ရောက်လာသည်။

ဝူရှောင်ရိက သူတို့ကိုမြင်တဲ့အခါ တခဏ အံ့အားသင့်သွားပြီး သူမကို တအံ့တသြ ကြည့်ကာ ရယ်မောရင်း "နောက်ဆုံးတော့ မင်းတို့ ပြန်လာပြီဘဲ" လို့ ပြောသည်။

"ဟုတ်တယ်၊ ဒီသွားသွားပြန်ပြန်က တကယ်ကို မလွယ်ကူဘူး။ နောက်ကျရင် အပြင်မထွက်တော့ဘူး။ အထဲမှာပဲ ကောင်းကောင်းနေတော့မယ်" လို့ ဝိန်ရှောင်ရှောင်က သူကို ကြည့်ပြီး ပြုံးရင်း ပြောသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now