Ch 61&62

571 46 0
                                    

Ch 61

လူလေးယောက်က နာကျင်နေရာကနေ အခု သက်သာလာသည်။

ပေါ်ရီ့လျန်က မစ်ရှင်လုပ်တုန်းင ကျန်ရစ်ခဲ့သော လျှို့ဝှက်ရောဂါပင် လုံးဝပျောက်ကင်းသွားပြီး ပေါ့ပါးသွားသည်ဟုပင် ခံစားခဲ့ရသည်။

ဝိန်ရှောင်ရှောင်က သူတို့ကို ခဏလောက် စောင့်ကြည့်ပြီး သူတို့ အဆင်ပြေနေတာကို တွေ့လိုက်ပြီးနောက် ထိုနေရာက ထွက်သွားပြီး အခန်းထဲ ပြန်ဝင်ကာ ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ရေချိုးပေးလိုက်သည်။

ဝိန်ဖိန်ရဲ့ ဆံပင်အနည်းငယ်က စိုနေပြီး ပန်းရောင် ယုန်ညအိပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် အလွန်ချစ်စရာကောင်းနေသည်။

အနီရောင် Spider-Man ၀တ်စုံဝတ်ထားသည့် တခြားကလေးလေးယောက်ကလည်း အနည်းငယ်ချစ်စရာကောင်းသည်။ 

မောင်နှမတွေ ရေချိုးပြီးတာနဲ့ ပေါ်ရီ့ချန်ရဲ့အခန်းထဲကို ပြေးသွားကြသည်။

ကလေးလေးယောက်က ကုတင်ပေါ်ကနေ ပြေးသွားကြသည်။ ဝိန်ရှောင်ရှောင်က သူတို့ရဲ့ ထွက်သွားသော ပုံများကို ကြည့်ပြီး ပြုံးကာ ခေါင်းကို အသာအယာ ခါလိုက်သည်။

"မေမေ ကိုကိုတွေအကုန်လုံး ဖေဖေနဲ့ သွားအိပ်ကြပြီ။ သမီး မေမေနဲ့ အတူအိပ်မယ်။" ဝိန်ဖိန်က ပြုံးပြီး လိမ္မာရေးခြားရှိတဲ့ မျက်နှာလေးနဲ့ ဝိန်ရှောင်ရှောင်ရဲ့ ခြေထောက်ကို ပွတ်သပ်လိုက်သည်။

"တကယ့်ကို မေမေရဲ့ ဂွမ်းကပ်လေးဘဲ။" ဝိန်ရှောင်ရှောင်က သူမရဲ့ အနည်းငယ် စိုစွတ်နေတဲ့ ဆံပင်တွေကို ပွတ်သပ်လိုက်သည်။

"ကောင်းပြီ ချစ်လေး အိပ်ရာဝင်ချိန်ရောက်ပြီ" ဝိန်ရှောင်ရှောင်က ညင်သာစွာ ချော့လိုက်သည်။

"ဟုတ်!" ဝိန်ဖိန်က နာခံမှုရှိရှိ ခေါင်းညိတ်ပြပြီး သူ့ပါးစပ်ကို လက်သေးသေးလေးနဲ့ အုပ်ပြီး သမ်းလိုက်သည်။ သူမရဲ့ ရှည်လျားတဲ့ မျက်တောင်လေးတွေမှာ ကြည်လင်နေတဲ့ မျက်ရည်တွေနဲ့ အနည်းငယ် စိုစွတ်သွားသည်။

ဝိန်ရှောင်ရှောင်က သူမ နည်းနည်း အိပ်ငိုက်နေတာကို မြင်လိုက်ရတော့ သူမကို ကောက်ချီပြီး ကုတင်ပေါ် တင်လိုက်သည်။ သူမကို မအေးစေရန် စောင်ခြုံကာ တင်းတင်းကျပ်ကျပ်ဖက်ပြီး သူမရဲ့ပါးပြင်ပေါ် နူးညံ့စွာနမ်းလိုက်သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now