Ch 133

552 54 0
                                    

Ch 133

ဝိန်ရှောင်ရှောင်က သူမ တခြားတစ်ယောက်ရဲ့ မုန်းတီးခြင်း ခံနေရသညမကို မသိပေ။ ထိုအကြောင်းကို သိခဲ့ရင်တောင် ကြောက်နေမည် မဟုတ်ပေ။

အခု သူမက ဝိန်ရှောင်ရှောင်ရဲ့လက်ထဲ ရောက်နေသဖြင့် သူမဆီက ဘယ်လိုလုပ် ကောင်းတာတစ်ခုခုကို ရရှိနိုင်မှာလဲ။

ဝိန်ရှောင်ရှောင်က ကလေးတွေနဲ့ ပေါ်ရီ့လျန်တို့ကို ခေါ်ပြီး ဝင်သွားတဲ့အခါ အဖေပေါ်နဲ့ အမေပေါ်က နိုးလာတာ မကြာသေးပေ။

အိမ်ထိန်းအဒေါ်ကျန်းက မီးဖိုချောင်ထဲမှာ ချက်နေတုန်းပါ။

ဧည့်ခန်းထဲ ဝင်ပြီးနောက် ပေါ်ရီ့လျန်က သူယူလာခဲ့တဲ့ ထမင်းပေါင်းအိုးကို ထမင်းစား စားပွဲပေါ်တွင် တင်လိုက်ပြီး ဝိန်ရှောင်ရှောင်က ပေါက်စီကို အာကာသထဲကနေ ထုတ်ယူလိုက်သည်။

နောက်ကလိုက်လာတဲ့ မက်မွန်သီးလေးနဲ့ ဇွန်ဘီဘုရင်တို့က ဘာမှမတောင်းဆိုပေ။

မနက်စာစားပြီးနောက် ပေါ်ရီ့လျန်က အဖေ‌ပေါ်ကို "အဖေ ရှုံးတန်နဲ့ အဲဒီလူတွေကို ဖမ်းထားပြီးပြီ။ အပြင်မှာ ထားတာတယ်"

"အဆင်ပြေသလို ဖြေရှင်းလိုက်!" အဖေပေါ်က ဂရုမစိုက်စွာဖြင့် ပြောသည်။ သူက ရှုံးတန်‌အပေါ်မှာ အမြင်ကောင်းလည်း မရှိပေ။ ရည်မှန်းချက်ကြီးလွန်းတာကြောင့် ပြဿနာဖြစ်ခဲ့ရသည်။

ဒါကြောင့် သားနဲ့ ထားခဲ့လိုက်သည်။ သူကိုယ်တိုင် ဂရုစိုက်ဖို့ ပျင်းလွန်းသည်။

ပေါ်ရီ့လျန်က ဘာမှပြန်မပြောပေ။ ပေါ်ရီ့ပင်းက စိတ်လှုပ်ရှားစွာဖြင့် "တကယ်လား?"

ပေါ်ရီ့ပင်းက သူ့လက်ဆစ်ချိုးလိုက်ပြီး "ကျွန်တော် သူတို့ကို တစ်ချက်လောက် ရိုက်လို့ရမလား!"

"မင်းသဘော" ပေါ်ရီ့လျန်က ညီငတုံးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို ဂရုမစိုက်တော့ပေ။ 

"သားရော သားရော" ဝိန်ရှောင်က စိတ်လှုပ်ရှားစွာဖြင့် သူရဲ့လက်ဖောင်းဖောင်းလေးကို မြှောက်လိုက်သည်။

ဒါကြောင့် ဝိန်ရှောင်ရှောင်နဲ့ ပေါ်ရီ့လျန်တို့က သူတို့ကို မဆက်ဆံခင်မှာ ပေါ်ရီ့ပင်းက ကလေးတွေနဲ့ည  သူတို့နဲ့ ဆက်ဆံခဲ့သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now