Ch 97&98

654 66 0
                                    

Ch 97

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောရင်း ကံကြမ္မာက သူတို့ကို ဆုံတွေ့စေခဲ့တာ ဖြစ်နိုင်သည်။

ဝိန်ရှောင်ရှောင်က သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ သူ့ခန္ဓာကိုယ်ရဲ့ နွေးထွေးမှုနှင့် နှလုံးခုန်သံကို ခံစားရပြီး သက်တောင့်သက်သာဖြစ်နေသည်။

ပေါ်ရီ့လျန်က သူမဆံပင်ကို ပွတ်သပ်လိုက်သည်။ အခုအချိန်တွင် ဘာစကားမှ မပြောသော်လည်း မြင်ကွင်းက အထူးနွေးထွေးပြီး လှပသောပုံရိပ်တစ်ခု ဖြစ်နေသည်။

အပြင်ဘက်တွင် မိုးသီးများ ကြွေကျနေဆဲဖြစ်ပြီး ရပ်တန့်ရန် အရိပ်အယောင်မရှ်ိကာ အက်ကွဲနေသည့်အသံမှာ အနည်းငယ်ကြမ်းတမ်းပြီး ဆူညံနေပါသည်။

မိုးသီးက သူတို့အတွက် ကောင်းတာရော မကောင်းတာရော ဖြစ်နေသည်။ 

ကောင်းသောအချက်မှာ မိုးသီးက ဖုတ်ကောင်များစွာကို သေစေခြင်းပင်ဖြစ်သည်။

ဆိုးရွားသည့်အချက်မှာ အိမ်အများအပြား ပျက်စီးစေပြီး အပူချိန်ကျဆင်းကာ အေးခဲပြီး လူအများအပြား သေဆုံးစေသည်။

"မေမေ~" ဝိန်ရန်က ကြောင်တောင်တောင်ဖြင့် အိပ်ယာပေါ်မှ ထထိုင်ကာ အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။

ပေါ်ရီ့လျန်ရဲ့ ရင်ခွင်ထဲတွင် ရှိနေသော ဝိန်ရှောင်ရှောင်က ဝိန်ရန်ရဲ့အော်သံကို ကြားပြီး သူ့ရင်ခွင်ထဲမှ အမြန်ထကာ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

"ဘာဖြစ်လို့လဲ ချစ်လေး?" ဝိန်ရှောင်ရှောင်က ဝိန်ရန်ကို ပွေ့လိုက်ပြီး သူ့ခေါင်းလေးကို ထိလိုက်ရင်း မေးလိုက်သည်။

ဝိန်ရန်က စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ဒါက ဘယ်နေရာလဲ!

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေပြီး အေးစက်နေသည်။ သူက ဝိန်ရှောင်ရှောင်ရဲ့ ရင်ခွင်ထဲ အတင်းတိုးဝင်လိုက်သည်။

ဝိန်ရှောင်ရှောင်က တခစ်ခစ်ရယ်ရင်း "အကြောက်လေး ဒါက မေမေတို့ အနားယူရာ နေရာ အပြင်မှာ မိုးတွေရွာနေတယ်။ ဒါကြောင့် မေမေတို့ ဒီမှာ မိုးခိုနေတာ"

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now