ch 99&100

675 68 0
                                    

Ch 99

ခေါက်ဆွဲခြောက်ကို တစ်ခါမှ မစားဖူးပေမယ့် သူသောက်နေတဲ့ ရတနာရှစ်မျိုးယာဂုက အရမ်းအရသာရှိသည်။

ရတနာရှစ်မျိုးယာဂုထဲမှာ ပါဝင်ပစ္စည်း အများကြီးပါပြီး တော်တော်များများကို မစားဖူးပေ။ ဒါပေမဲ့ အရသာက ချိုမြိန်သည်။ တစ်ခါမှမစားဖူးတဲ့ သူအတွက်တော့ အရသာရှိလှသည်။

ဝိန်ရှောင်က အသင့်စားခေါက်ဆွဲခြောက်ကို စားချင်နေသေးသော်လည်း သူ့အမေက ထပ်လိုချင်တာကို သဘောမတူကြောင်း သိတာကြောင့် သူ့ထိုင်ရာသို့ ပြန်လာကာ ရတနာရှစ်မျိုးယာဂုကို သောက်လိုက်သည်။

မနက်စောစော အပြင်မှာ ကောင်းကင်က လင်းစပြုနေပြီး နေ့ရောညပါ ရွာသွန်းနေတဲ့ မိုးသီးတွေလည်း ရပ်သွားသည်။

မနက်စာစားပြီးတာနဲ့ ပစ္စည်းတွေအားလုံးကို ထုပ်ပိုးပြီး အာကာသထဲ ထည့်လိုက်သည်။ ကလေးတွေကို ‌တွဲထားပြီး အားလုံးက အပြင်ကို ထွက်လာသည်။

RV ကို အာကာသထဲက ထုတ်ပြီး အားလုံး RV ထဲ ဝင်လိုက်ကြသည်။ ချိန်ရိက RV ကို B မြို့ကို ဦးတည်မောင်းနှင်လိုက်သည်။

ဝိန်ရှောင်ရှောင်က မိုးသီးကြောင့် ပျက်စီးသွားတဲ့ အိမ်တွေနဲ့ မြေပြင်ပေါ်တွင် မလှုပ်မယှက်ဖြစ်နေတဲ့ ဖုတ်ကောင်တွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

တခြားသူတွေလည်း ၎င်းတို့ကို သတိပြုမိပေမဲ့ နှုတ်ဆိတ်နေကြသည်။

ဝိန်ရှောင်ရှောင်နှင့် ပေါ်ရီ့လျန်တို့ရဲ့ ရင်ခွင်ထဲတွင် ကလေးတွေက အိပ်ပျော်သွားကြသည်။

ကလေးတွေက မနေ့က နေ့ခင်းမှာ အချိန်အကြာကြီး အိပ်ထားတာကြောင့် ညဘက် နည်းနည်း နောက်ကျမှ အိပ်ပြီး မနက် အိပ်ရာက နိုးလာတော့ ငိုက်နေဆဲ ဖြစ်နေသည်။

အခု RV က ညင်သာစွာ လှုပ်ယမ်းနေသဖြင့် ပြန်ပြီး အိပ်ပျော်သွားကြသည်။

အခု မိုးရွာတာ ရပ်သွားပေမယ့် ရာသီဥတုက အရမ်းအေးနေသေးသည်။ RV ထဲမှာ သိပ်မအေးပေမယ့် ကလေးတွေ ဒီလိုအိပ်နေရင် အအေးမိနိုင်သည်။

ဝိန်ရှောင်ရှောင်က သူတို့ကို သိပ်ဖို့ အခန်းထဲ ခေါ်မသွားဘဲ ဆိုဖာပေါ်မှာ တင်လိုက်သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now