Ch 91&92

583 49 0
                                    

Ch 91

ကျားယိုအ‌ခြေစိုက်စခန်းခေါင်းဆောင်က ရယ်မောလိုက်သည်။

အနီးတဝိုက်တွင် စားပွဲဝိုင်းကြီးတစ်ခုနှင့် လူများထိုင်နေကြသည်။

"ညီလေးဝမ့်ကျင်း အခု မင်းက ငါတို့ ကျားယိုစခန်းကို ရောက်နေပြီ။ အခုကစပြီး မင်းက ငါ့ရဲ့လူ ဖြစ်သွားပြီ။ ငါ တန်ကောက မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး" ရှုံးတန်က ဝမ့်ကျင်းထိုင်နေတဲ့ နေရာကို လှမ်းကြည့်ကာ သူ့ဝိုင်ကို မြှောက်ပြီး ပြောသည်။

"ဟုတ်ကဲ့ အစ်ကိုတန်။" ဝမ့်ကျင်းက သူ့ရင်ခွင်ထဲက အလှလေးကို ဖက်ထားရင် ပြုံးလိုက်သည်။ ဒါက ဝေ့လိုင်အခြေစိုက်စခန်းထက် အများကြီး ပိုကောင်းသည်။

သူက ပေါ်ရီ့ယွီနောက် နှစ်အတော်ကြာ လိုက်ခဲ့သော်လည်း ရာထူးတိုးခံခြင်း မရှိပေ။ ဒါက သူ့ကို ဒေါသထွက်စေသည်။ 

ထို့ကြောင့် သူက ဝေ့လိုင်အခြေစိုက်စခန်းရဲ့ ပြိုင်ဘက်ဖြစ်သည့် ကျားယိုအခြေစိုက်စခန်းနဲ့ ပူးပေါင်းလိုက်သည်။

ဝေ့လိုင်အခြေခံစခန်းကို တည်ထောင်ပြီး မကြာခင်တွင် ကျားယိုအခြေစိုက်စခန်းက ဆန့်ကျင်ဘက်တွင် တည်ဆောက်လာသည်။

အခြေစိုက်စခန်းနှစ်ခုလုံးက ပြိုင်ဘက်တွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြပေ။

ကျားယိုအခြေစိုက်စခန်းက ဝေ့လိုင်အခြေစိုက်စခန်းလောက် လူများများစားစား မရှိပေ။

ရှုံးတန်ရဲ့ရည်ရွယ်ချက်က ဝေ့လိုင်အခြေစိုက်စခန်းက လူအားလုံးကို စုဆောင်းကာ အခွံအဖြစ် ပြောင်းလဲရန် ဖြစ်သည်။

အရည်အချင်းရှိတဲ့ သားအကြီးဆုံးက သူ့အနားမှာ မရှိပေ။ သူ့လို လူအိုက ပြဿနာ မရှိပေ။

ပေါ်ရီ့ယွီရဲ့ ဒုတိယသား ပေါ်ရီ့ပင်းက မိန်းမတွေထက်တောင် ပျော့ညံ့နေတော့ ကြောက်စရာမရှိပေ။

ရှုံးထန်က ဝမ့်ကျင်းကဲ့သို့ပင် ရည်မှန်းချက်ကြီးသူဖြစ်သည်။

သူတို့နှစ်ယောက် အတူရှိနေတာက သဘာဝကျသည်။

"ညီလေးဝမ့်ကျင်း ဝေ့လိုင်အခြေစိုက်စခန်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ် ထင်လဲ" ရှုံးတန်က အရက်သောက်ပြီး ဝမ့်ကျင်းကို ကြည့်ရင်း မေးလိုက်သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now