Ch 75&76

486 41 0
                                    

Ch 75

သူမက ဒီကမ္ဘာကို မရောက်ခင်မှာ သူမနေထိုင်တဲ့ တိုင်းပြည်မှာလည်း အတက်အကျများစွာနဲ့ ကြုံတွေ့ခဲ့ရသည်။

တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ပြီးမှ သူမတို့က ထိပ်ကို ရောက်လာခဲ့တာ ဖြစ်သည်။

M နိုင်ငံက Z နိုင်ငံနှင့် တန်းတူဖြစ်ပြီး Z နိုင်ငံက M နိုင်ငံကိုပင် ကျော်သွားခဲ့သည်။

ဝိန်ရှောင်ရှောင်က အစပိုင်းတွင် R နိုင်ငံကို မုန်းတီးခဲ့သော်လည်း နောက်ပိုင်းတွင် သူမက အထူးသဖြင့် M နိုင်ငံကို မုန်းတီးခဲ့လာသည်။

ဘာကြောင့်လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက အရမ်းရှက်စရာကောင်းပြီး စိတ်အနှောက်အယှက် ဖြစ် စေသည်။

တချို့သော အလေ့အကျင့်များက ရိုးရိုးရှင်းရှင်းနဲ့ ရယ်စရာကောင်းသည်။

ဝိန်ရှောင်ရှောင်က အဲ့ဒီက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပြင် ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို တွေးရင်း မျက်လုံးမှတ်လိုက်သည်။

ဖုတ်ကောင်ဖြစ်ပွားမှုက M နိုင်ငံမှ စတင်ပြီး ထို့နောက် Z နိုင်ငံနှင့် တခြားနိုင်ငံများသို့ ပျံ့နှံသွားပုံရသည်။

ဝိန်ရှောင်ရှောင်ရဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့လျှင် သူမ လက်ခံနိုင်သေးသည်။ တကယ်လို့ M နိုင်ငံကြောင့်သာ ဖြစ်လာတာဆိုရင် ဒါက မလိုလားအပ်တဲ့ ရည်ရွယ်ချက်ဆိုးတွေ ရှိတယ်ဆိုတာ ထင်ရှားသည်။

တကယ်ဒါဆိုရင် သူတို့က ဒီကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ။

အဲဒါက ကမ္ဘာကို အောင်နိုင်ကာ Z နိုင်ငံကို ဖိနှိပ်ရန် အခွင့်အာဏာ ကြီးစိုးလာမဲ့ အနေအထားဖြစ်လာသည်။ ဒါပေမယ့် သူတို့မမျှော်လင့်ထားတဲ့အရာကတော့ ကိုယ့်နိုင်ငံလည်း ဒုက္ခရောက်မယ်ဆိုတာပါဘဲ။

သူမနဲ့ ပေါ်ရီ့လျန်တို့က တူညီတဲ့ အတွေးအမြင်တွေ ရှိနေကြတယ်ဆိုတာ ဝိန်ရှောင်ရှောင် မသိခဲ့ပေ။

အခု သူမက Z နိုင်ငံသားဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး သူမက အလွန်ဂုဏ်ယူနေမိသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now