Ch 128

353 32 0
                                    

Ch 128

စာကြည့်ခန်းထဲတွင် ပေါ်ရီ့လျန်က အဖေပေါ်ပြောတာကို နားထောင်ပြီး "အဖေ အဲ့လောက်ကြီး အလုပ်ရှုပ်စရာ မလိုပါဘူး။ ကျားယိုအခြေစိုက်စခန်းရဲ့ ခေါင်းဆောင်နဲ့ အတွင်းထဲက ဒုက္ခပေးတဲ့သူတွေကို ဖယ်ရှားလိုက်ရုံပါဘဲ" လို့ ပြန်ပြောသည်။

"ကျွန်တော်တို့လူတွေကို သွားခိုင်းစရာ မလိုပါဘူး။ ဇွန်ဘီဘုရင်ကိုသာ လွှတ်လိုက်ရင် အ‌ဆင်ပြေပြီ။

"လူ့သဘောသဘာဝကို နားလည်ပြီး လူတွေကို လွယ်လွယ်နဲ့ ဒုက္ခမပေးပါဘူး။ နည်းနည်းတော့ လောဘကြီးတယ်။ ညဘက် သူတို့ သတိမရှိတဲ့အချိန် သူကို ခိုးဝင်ခိုင်းလိုက်မယ်။"

အဖေပေါ်က ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်သဘောတူသည်။ ဇွန်ဘီဘုရင်သာ အောင်မြင်နိုင်ရင် အကောင်းဆုံးဘဲ။ မအောင်မြင်ရင်တောင် အဲ့အချိန်ကျမှ ပြန်စီစဉ်ရင်လည်း အဆင်ပြေသည်။

ပေါ်ရီ့လျန်က ကျားယိုအခြေစိုက်စခန်းခေါင်းဆောင်ကို ကြောက်စရာကောင်းသည်ဟု မထင်ပေ။ ဒါပေမဲ့ သူက လူရွှင်တော်သာ ဖြစ်သည်။

တစ်စုံတစ်ယောက်က မိမိကလေးကို ခိုးဖို့ လူလွှတ်ရဲရင် ၎င်းအတွက် အဖိုးအခကို ပေးဆောင်ရမည်ဖြစ်သည်။

****

ရှုံးတန်က တစ်ညလုံးစောင့်ခဲ့ပေမယ့် ချိန်လီပြန်လာတာကို မတွေ့ရပေ။ အပေါ်မှာထိုင်နေရင်း သူ့မျက်နှာက မည်းမှောင်လာပြီး အောက်နားက လူတွေက အသံမထွက်ရဲကြပေ။

အခုအချိန်မှာ ရှုံးတန်က အခြေအနေကို နားမလည်ရင် သူတကယ် အ,တယ်။ ကလေးခိုးရန် ခိုင်းလိုက်တဲ့သူတွေက ဝေ့လိုင်အခြေစိုက်စခန်းကလူတွေ ဖမ်းတာခံရတာ ဖြစ်နိုင်သည်။

ဒါပေမယ့် ရှုံးတန်က သူတို့ခြောက်ယောက်ကို လွယ်လွယ်နဲ့ ဖမ်းမိရတဲ့ အကြောင်းရင်းက ဇွန်ဘီဘုရင်ရဲ့ ကျေးဇူးကြောင့်ဆိုတာ လုံးဝမသိပေ။ သေချာပေါက် သူက စဉ်းလဲစဉ်းစားမိမှာ မဟုတ်ပေ။

လူတိုင်းရဲ့စိတ်ထဲမှာတော့ ဇွန်ဘီဘုရင်က သာမန်ဇွန်ဘီတွေထက် ပိုကြောက်ဖို့ကောင်းသည်။ ဒါပေမဲ့ ဝိန်ရှောင်ရှောင်ရဲ့ ထူးခြားတဲ့ကံကြောင့် တွေ့ခဲ့ရတာတော့ သူ(ရှုံးတန်) မသိပေ။ သူမတွေ့ခဲ့တဲ့ ဇွန်ဘီဘုရင်က စားရတာကြိုက်တဲ့ ဇွန်ဘီဖြစ်သည်။ တခြားလူတွေ သိခဲ့ရင်တောင် မယုံနိုင်မှာ သေချာသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now