(38)

852 146 3
                                    

(38)

ဒီဘက်ခေတ်မှာ မိန်းကလေးတွေက သီးသန့်နေကြတာဖြစ်လို့ ဒီနေ့ရောက်လာတဲ့လူတွေက ယောကျ်ားလေးတွေချည်းပဲ။ထို့အပြင် လင်းမိသားစုမှ ကောင်လေးနှစ်ယောက်လည်း ပါလာသေးတယ်။

လင်းချွမ် ဒီနေ့ သူ့ရဲ့မျက်နှာက မည်းမှောင်လျှက်ရှိနေမယ်ဆိုတာကို သိပေမဲ့  ယောက်ျားတွေ များစွာ ဝင်လာတာကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ရဲ့ အသစ်စက်စက်လက်ထပ်ထားတဲ့ ဇနီးလေးအတွက် အနည်းငယ် စိတ်ဆင်းရဲနေတုန်းပဲ။
ဒါကြောင့် သူ သန့်ရှင်းရေးလုပ်ပြီးတာနဲ့  တံမြက်စည်းကိုချလိုက်ပြီး သူ့ရဲ့ ညီနှစ်ယောက်ဆီကို မျက်လုံးမှိတ်ပြလိုက်တယ်။ အဓိပ္ပါယ်ကတော့ သိသာပါတယ်။ သူတို့ရဲ့ မရီးကို စောင့်ရှောက်ပေးဖို့အတွက်ပဲ။

လူတွေအားလုံး အိမ်ထဲကိုဝင်လာပြီးချိန်မှာ သူတို့တွေက ခဏလောက် ရှက်ရွံ့နေခဲ့ကြပြီး ဆုဆုကသူတို့အတွက် ရေထည့်ပေးလိုက်တယ်။

ဆုဆုက ရေထည့်ပေးပြီး တခြားလူတွေက ထိုရေကို သောက်နေတာကိုမြင်တော့ သူတို့တွေက ပိုပြီး သတ္တိရှိလာကြပြီး အဒေါ်ရဲ့အိမ်က ချောင်ကျင်းကော်က စပြောလာတယ်။

" လူတိုင်း ဒီကိုရောက်နေပြီဆိုတော့ စလိုက်ကြရအောင်.. ဒီနေ့က နေ့ကောင်း တစ်နေ့ပဲ.. ဆိုတော့ စိတ်မဆိုးသင့်ဘူး.. ဟုတ်တယ်မလား အကြီးဆုံးအစ်ကို?"

လင်းချွမ်:  " တရားလွန် မလုပ်နဲ့"

ဆိုလိုတာက သူတို့တွေ အလွန်အကျွံလုပ်လာမယ်ဆိုရင်တော့  သူ့ကို အပြစ်မတင်နဲ့။

ဒါပေမယ့် ကောင်လေးတွေက အဲဒီအဓိပ္ပါယ်ကို မကြားတဲ့ပုံရတယ်။  အထူးသဖြင့် ချောင်ကျင်းကော်ပဲဖြစ်ကာ သူက ဒီအချိန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပဲ။

ပထမဆုံး သူ့ရဲ့အိတ်ကပ်ထဲက သကြားလုံးတစ်လုံးကို အရင်ထုတ်ပြီး ကြိုးနဲ့ချည်ကာ အပေါ်ကို မြောက်လိုက်တယ်။

"မင်းဘဝရဲ့ ချိုမြိန်မှုအကြောင်းကို မင်းစဉ်းစားနေရမယ်..  ချိုမြိန်တဲ့ပျားရည်မှာ သကြားပါဝင်ရမယ်..  ဒါကြောင့် လက်ထပ်တဲ့နှစ်ယောက်လုံး ဒါကိုစားသင့်တယ် လာခဲ့"

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now