34

844 161 1
                                    


34: အစ်မကြီး

ပြောရရင် လင်းချွမ်ဆိုတာက ဒီရွာမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ နှစ်ပေါင်းများစွာ စစ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ သူရဲ့စိတ်ဓာတ်တွေက စစ်တပ်ထဲမှာ သင်ကြားခံခဲ့ရပြီးပြီဖြစ်သလို သူ့ရဲ့ပင်ကိုယ်စရိုက်ကလည်း ရည်မွန်ကောင်းမွန်လွန်းတယ်။ ဒီလိုလူမျိုးက လိမ်ညာမှာမဟုတ်ဘူး။

လူတိုင်းက အချိန်ခဏအတွင်းမှာပဲ သူ့ကို ယုံကြည်သွားခဲ့ကြပြီး ချင်ယွဲ့ယွဲ့က ကောလိပ်ဝင်ခွင့်ရသွားလို့ လင်းချွမ်ကို လက်မထပ်ချင်တော့တဲ့အကြောင်းသဘောပေါက်သွားကြတယ်။ သူမက လက်မထပ်ချင်ခဲ့ရုံတင်မကဘဲ တစ်ဖက်လူကိုပါ ဆွဲချချင်ခဲ့သေးတယ်။

လင်းချွမ်ရဲ့အသက်က အခုချိန်မှာ အိမ်ထောင်ပြုသင့်တဲ့ကာလရဲ့နောက်ပိုင်းကိုရောက်နေပြီဆိုတာကိုသိထားသင့်တယ်။ နောက်ထပ်နှစ်အနည်းငယ်ကြာပြီးသွားတဲ့နောက်မှာ လက်ထပ်ဖို့အတွက် အလွန်အသက်ကြီးသွားတော့မှာ။

ဒီလိုနဲ့ ချင်ယွဲ့ယွဲ့ရဲ့အနားမှာရှိနေတဲ့ တစ်စုံတစ်ယောက်က တိတ်တဆိတ် သူမရဲ့အဝေးကို အသာရွှေ့သွားခဲ့လေတယ်။

ချင်ယွဲ့ယွဲ့သည်လည်း လူတိုင်းရဲ့ စိတ်နေသဘောထားကို နားလည်ခံစားနိုင်ခဲ့ပြီး ပိုပိုပြီးမှားယွင်းခံရသလို ခံစားမိလာကာ တိုက်ရိုက်ပဲ ငိုကျွေးလာခဲ့တော့တယ်။

ဆုဆုက သူမရဲ့ နှလုံးသားထဲမှ ချိုမြိန်မှုတွေထဲမှာ နှစ်မြှပ်နေစဥ်မှာပဲ ရုတ်တရက် အော်ငိုသံကို ကြားလိုက်ရတာကြောင့် မနေနိုင်တော့ဘဲ သူမနှင့် မနီးမဝေးမှာ ရပ်နေတဲ့ ချင်ယွဲ့ယွဲ့ကိုကြည့်ပြီး ပြောလိုက်တယ်။

"ချင်ယွဲ့ယွဲ့ ကျေးဇူးပြုပြီး နင့်ရဲ့ သဘောထားကို ပြင်ပေးပါ.. တကယ်လို့ နင့်ဆီမှာ မကျေနပ်ချက်တွေ၊ အဆင်မပြေတဲ့ခံစားချက်တွေရှိနေရင်တောင် တခြားသူတွေရဲ့ မင်္ဂလာပွဲမှာ မင်းက မဆုံးလောက်နိုင်အောင် လာငိုနေလို့မရဘူးလေ.. မသိရင် ငါ့ယောက်ျားက နင့်ကို အပြစ်လုပ်ထားသလိုမျိုးနဲ့.. နင့်မှာ မကျေနပ်ချက် တစ်ခုခုရှိနေရင် တိုက်ရိုက်ပြောလိုက်လို့ရတယ်.. ပါတီအတွင်းရေးမှူးကလည်းဒီမှာရှိတယ် နင့်အတွက် ဖြေရှင်းပေးလိမ့်မယ်"

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now