(40)ဘယ်နှစ်ရက်ကြာမှာလဲ?

539 125 2
                                    

40: ဘယ်နှစ်ရက်ကြာမှာလဲ?

သူ့ရဲ့ဇနီးလေးသာ မနက်အစောကြီးထပြီး အရှေ့ဘက်ခြံကို ပြေးလွှားသွားလာနေရမယ်ဆိုရင် သူမရဲ့မျက်နှာလေး အေးခဲပြီးနီရဲသွားမှာကို လင်းချွမ်စိုးရိမ်မိတယ်။

လင်းချွမ်တစ်ယောက် ဘယ်လိုလုပ်ရမလဲ တွေးနေတုန်းမှာ ဆွေမျိုးတွေကိုပြန်ပို့ဖို့အတွက် ကွန်မြူနတီကို သွားရဖို့ဖြစ်လာခဲ့တယ်။ ဒါကြောင့် အပြန်လမ်းမှာ သူ့ရဲ့ဇနီးလေးအိမ်မှာ သက်တောင့်သက်သာ နေနိုင်ဖို့ တရုတ်ဂေါ်ဖီထုပ်တွေ ဝယ်လာခဲ့လိုက်တယ်။ အိမ်မှာ အသားတချို့ ကျန်နေသေးတာကြောင့် ထိုဂေါ်ဖီထုပ်နဲ့ ဝက်သားကိုရောကာ ဖက်ထုပ်တွေ အများကြီးလုပ်နိုင်လိမ့်တယ်။

အမေလင်းက မူလတုန်းက အသားတွေကိုတရုတ်နှစ်သစ်ကူးအတွက် သိမ်းဆည်းထားဖို့တွေးထားခဲ့ပေမဲ့လည်း သူမရဲ့သားက ချွေးမဖြစ်သူအတွက် ချန်ထားခဲ့မှာကိုကြားတော့ လက်ခံလိုက်ရုံသာ တတ်နိုင်ခဲ့တယ်။

ဒီတော့ သူတို့ တစ်မိသားစုလုံး ဖက်ထုပ်အစာသွပ်ဖို့အတွက် ရောမွှေတာနဲ့ ဖက်ထုပ်သားတွေကို လျှင်မြန်စွာလုပ်နေခဲ့ကြပြီး နောက်တစ်ညအထိ စောင့်ဆိုင်းမနေဘဲ လျှင်မြန်စွာ ထုပ်ပိုးခဲ့ကြတယ်။

ဆုဆုရဲ့ စာသင်ကြားရေးက သူမရဲ့ လက်ထပ်ပွဲအတွက် ပိတ်ရက်ရှည် ငါးရက်ရရှိခဲ့ပြီး လင်းချွမ်က အိပ်ယာခင်းကို အပြင်မှာ ထုတ်လှမ်းထားတာကို အမေလင်းမြင်သွားခဲ့တဲ့အတွက် တစ်ညလုံးအနိုင်ကျင့်ခံထားရလောက်တဲ့ ချွေးမဖြစ်သူအပေါ် အလွန်ကောင်းစွာ ဆက်ဆံခဲ့တယ်။ သူမက ဖက်ထုပ်လုပ်တာကလွဲလို့ တခြားအလုပ်တွေကို ဝင်လုပ်ဖို့အတွက် ခွင့်မပြုခဲ့ဘူး။

ဖက်ထုပ်လုပ်လို့ ပြီးစီးသွားချိန် ညနေခင်း အိမ်ကိုပြန်ရောက်ချိန်မှာတော့ လင်းချွမ်က သူ့ရဲ့အိတ်ကပ်ထဲက စက္ကူအိတ်အသေးလေးတစ်အိတ်ကို ထုတ်ယူလိုက်တာကို ဆုဆုမြင်လိုက်ရတယ်။

ပြီးနောက်  သူက ရေနွေးလောင်းထည့်လိုက်ပြီး ထိုအိတ်ထဲမှ ပါဝင်တဲ့အရာတွေကိုပါ ထည့်လိုက်တယ်။ ဒါက အနည်းငယ်နီရဲပြီး သကြားညိုနဲ့ ဆင်တူနေသလိုပဲ...

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now