(35)

840 146 2
                                    

(35)

ဒီအကြီးဆုံးအစ်မက အလွန်အရသာရှိစွာစားနေပြီး လုံးဝမထိန်းချုပ်ထားဘူး။ ဒါကိုကြည့်ရင် သူမရဲ့ ပုံမှန်ဘဝ အဆင်မပြေကြောင်းနှင့်  အလွန်ဆာလောင်နေခဲ့ရကြောင်းတို့ကိုမြင်နိုင်တယ်။

ဆုဆုကတော့ တစ်ဖက်လူရဲ့ အစာအိမ်ကို စိတ်ပူနေခဲ့တယ်။ သူမ ကိုယ်တိုင်ကတော့ မနက်တုန်းက ထမင်းမစားခဲ့တာတောင် ဗိုက်မဆာနေခဲ့ဘူး။

ထို့အပြင် ဒီမှာ အမေလင်းသဘောကျချက်တဲ့ဟင်းတွေက အများကြီးမရှိဘူး။   အဓိကဟင်းလျာက အသားဟင်းနှစ်မျိုးဖြစ်ပြီး တစ်မျိုးမှာ ကြက်သားနှင့်အာလူးချက်ဖြစ်ပြီး နောက်တစ်မျိုးကတော့ ယုန်သားဟင်းပဲ။ ဆုဆုက အသားဝယ်ဖို့ ပိုက်ဆံပေးခဲ့တာကြောင့် အမေလင်းက သူမ အသားများများစားချင်နေတယ်လို့ တွေးပြီး ဒါတွေကိုများများထည့်ပေးပြီး အသီးအရွက်ဟင်းနှစ်ပွဲသာထည့်ပေးလိုက်တယ်။

သူမ မနေ့တုန်းက ယုန်သားစားပြီးသွားပြီဖြစ်လို့ မစားချင်တော့ဘူး။ ဒါအပြင် ဒီအကြီးဆုံးအစ်မက အလွန်တိုက်ခိုက်လိုစွာစားနေပြီး သူမရဲ့လက်တွေကို နည်းနည်းလောက်တောင် မဆန့်ထုတ်နိုင်ဘူးလို့ ခံစားရတယ်။ သူမက တော်ဝင်အမျိုးသမီးတစ်ယောက်လို ပြုမူချင်တာ မဟုတ်ပေမဲ့ တစ်စုံတစ်ယောက်ဆီက အစားအစာကို လုယူချင်စိတ်တော့မရှိဘူး။

လင်းချွမ် ဝင်လာချိန်မှာ သူ့ရဲ့အသစ်စက်စက်ဇနီးလေးက အလုပ်မှတ်တွေ သိမ်းဆည်းနိုင်ဖို့ နည်းလမ်းမရှိဘူးဆိုတာကို သဘောပေါက်နားလည်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမသာ လူအများနဲ့ ဝိုင်းဖွဲ့ပြီး လုယက်စားသောက်ရမယ်ဆိုရင် သေချာပေါက် ထိခိုက်ရလိမ့်မယ်။ စွပ်ပြုတ်လေးတောင် ယူသောက်နိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် သူ့ရဲ့ ညီမဖြစ်သူနဲ့ပက်သက်ပြီးတော့လည်း သူ ဘာမှမပြောနိုင်ဘူး။ သူမရဲ့မိသားစုအခြေအနေက မကောင်းဘူးဆိုတာကို သူသိထားသလို သူမက မနက်စာတောင်မစားဘဲ ဒီကိုလာခဲ့ရတာဖြစ်မယ်ဆိုတာကိုလည်းခန့်မှန်းမိတယ်။ ဒီအထိ လမ်းလျှောက်လာခဲ့ရတာကြောင့် အမှန်တကယ်ဗိုက်ဆာနေလောက်ပြီ။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now