33

877 172 1
                                    

(33)

ဆုဆုက သူမကိုယ်သူမကို ရိုး,အပြီး မသိနားမလည်နိုင်တဲ့ သနားစရာလူတစ်ယောက်လို့ မထင်ပေမဲ့ လင်းချွမ်ကတော့ ထိုသို့ တွေးထင်နေလောက်တာဖြစ်နိုင်တယ်။

ဒါပေမယ့် အခုလိုမျိုး တစ်ချိန်လုံးပွေ့ချီခံထားရတာက ရှက်စရာကောင်းတယ်လေ။  နောက်တော့ အခန်းအနားမှူးက ရယ်မောရင်း စနောက်လာခဲ့တယ်။

" မင်း ဆက်ပြီး ပွေ့ချီထားနိုင်သေးလား.. မရတော့ရင် အခန်းထဲကိုဝင်ပြီး အရင် အနားယူလိုက်ပါလား"

လင်းချွမ်အနေနဲ့ ဒီလိုအချိန်မျိုးမှာ တကယ်ပဲ တောင့်မခံနိုင်တော့ရင်တောင် မရဘူးဆိုတဲ့စကားမျိုးကို ပြောနိုင်မှာမဟုတ်ဘူးလေ။ ဒါကြောင့် အံကိုတင်းတင်းကြိတ်ပြီးပြောလိုက်တယ်။

"ရတယ်"

ဒါအပြင် ဆုဆုကလုံးဝကို လေးလံခြင်းမရှိပဲ ပေါ့ပါးလွန်းတယ်။

ဒါပေမယ့် တစ်ဖက်မှ ဆုဆုက သူ ပင်ပန်းနေလား မပင်ပန်းဘူးလားဆိုတာကို မသေချာတာကြောင့် တီးတိုးလေးပြောလိုက်တယ်။

"ရှင် ဘာလို့ ကျွန်မကို အောက်ကိုအရင်မချထားရတာလဲ.. ဘာပဲဖြစ်ဖြစ် ဒီမှာ ချထားစရာနေရာတွေလဲ ရှိနေတာပဲမလား"

"မလိုဘူး ဒီအတိုင်းနေလိုက်ပါ"

"ကျွန်မက  တော်တော်လေး လေးတယ်လေ"

"လုံးဝမလေးဘူး .. မင်းက အရမ်းပေါ့တယ်"

ဆုဆုရဲ့နှလုံးသားက ငှက်မွှေးလေးတွေမျှောလွင့်နေသလိုမျိုး အံ့သြပျော်ရွှင်နေခဲ့ရတယ်။  တကယ်လို့  လင်းချွမ်သာ သူ့နောက်ပြောမဲ့စကားကို ထည့်မပြောဘူးဆိုရင် တစ်နေ့လုံးတောင် ပျော်ရွှင်နေရလိမ့်မယ်။

"စစ်တပ်ထဲက သဲအိတ်တွေထက် အများကြီးပိုပေါ့တယ်"

“…”

ဆု_သဲအိတ်_ဆုတစ်ယောက် ဒီအချိန်မှာ သဲအိတ်က အလွန် စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာလို့ တွေးလိုက်မိတယ်။

သဲအိတ်က ကမ္ဘာပေါ်မှာ စိတ်အနှောင့်အယှက်အဖြစ်စေဆုံးအရာပဲ!

သူမက အရွယ်ရောက်နေပြီးတဲ့ လှပတဲ့မိန်းကလေးတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး သဲအိတ်နဲ့နှိုင်းယှဥ်ရတာလဲ။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now