နိဒါန်းဆိုတာထက် ကိုယ့်ရဲ့အသုံးမကျမှု့တွေကို ပြောပြချင်တာပါ။အဆုံးထိဖတ်ပေးပါနော်။
ကိုယ်ကလေ အရင်ကဆို Wattpad ဆိုတာမပြောနဲ့ YouTube ကိုတောင် တနေ့တခါဝင်ကြည့်ဖြစ်တဲ့သူ မဟုတ်ဘူး။FB ကြည့်လဲ ကိုယ့် fri နည်းနည်းလေးနဲ့သာ လည်ပတ်နေတဲ့သူပေါ့နော်။
ကျောင်းစာရယ် သူငယ်ချင်းတွေရယ် Korean movies တွေရယ်ကလွဲရင် ကျန်တာ ဘာဆိုဘာမှစိတ်မဝင်စားခဲ့ဖူးသူပါ။
သူများတွေ BTS EXO စိတ်ဝင်စားနေကျချိန် ကိုယ်က Angel ချစ်သူထဲက မင်းသားရယ် K2 မင်းသားလောက်ရယ်ကိုပဲ သိနေတဲ့သူပါ။အဲ့မင်းသားတွေကိုလဲ ကြိုက်တယ်ဆိုပြီး ဘာဘာညာညာ သူတို့အကြောင်းတွေ လိုက်စပ်စုတယ်မထင်နဲ့နော်။လုံးဝပဲ။သူတို့ movies တွေကြည့်ပြီး ကြိုက်လိုက်တာဆိုရုံကလွဲပြီး အဆင့်မတက်တဲ့သူ။
နောက်ဘယ်ကစ,သလဲဆိုတော့...
ကိုဗစ်က စ,တယ်ပြောရမှာပဲ။ကိုဗစ်တွေ စ,တော့ ကျောင်းတွေပိတ် သင်တန်းတွေပိတ် lock down ချတဲ့အချိန် အိမ်မှာပျင်းပျင်းနဲ့ ဘာလုပ်ရမလဲ မသိတဲ့အချိန် ကြည့်စရာ movies တွေကလဲ ကုန်လုနီးပါးဖြစ်နေချိန် စာဖတ်မယ်ဟဲ့ဆိုပြီး စာအုပ်တွေဖက် ကူးသွားလိုက်တာပေါ့နော်။
စာဖတ်တယ်ဆိုလို့ အထင်မကြီးနဲ့နော်။အမြင့်ဆုံးဖတ်တာဆိုလို့ ပုညခင်နဲ့ဂျူး။အနိမ့်ဆုံးဆို ရွှေသွေးနဲ့တာတေ သရဲဝတ္ထုလောက်ဖတ်တာ။
အဲ့လိုတအားကြီးကို ပျင်းနေရတဲ့အချိန်မှာပဲ ညီအမတွေပြန်ဆက်သွယ်ဖြစ်ကျတယ်ဆိုပါတော့..အဲ့မှာမှ ကောကောတို့ကို စသိခဲ့ရတာ။သိပဲသိသေးတာနော် သူတို့နှစ်ယောက်အကြောင်းစုံကိုသိခွင့်ရတာက နည်းနည်းကြာမှသာ။
The Untamed ကို စကြည့်ခဲ့ရတယ်ဆိုပါတော့။အဲ့မှာပဲ ညီမလေးက သူက ကျန့်ကောကို ကြိုက်တာတဲ့။ ဝမ်ရိပေါ်ကိုတော့ မကြိုက်တာမဟုတ်ပေမယ့် သူက fan အရမ်းများနေပြီမို့တဲ့လေ။
အယ် ဘာဆိုင်လဲပေါ့နော်။ငါကတော့ ရိပေါ်လေးကို ကြိုက်တယ်လို့ သူက,တာမိုက်တယ်ပေါ့နော်။ပြောပြရဦးမယ်။ကိုယ်ကလေ က,တာကို အဲ့လောက်ကို မကြိုက်တာ ကိုယ်တိုင်ကလဲ မြန်မာအကလောက်ပဲကတတ်တဲ့သူဆိုတော့ အဲ့လိုတွန့်လိမ်ကောက်ကွေးအကတွေဆို ကြည့်မိရင်ကို စိတ်ထဲက ကလိကလိဖြစ်နေတတ်တာ။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024