ABM -36

609 13 1
                                    

"ယောက်ျားလေးမွေးပါတယ် ကလေးကပေါင်ချိန်လဲပြည့်ပြီး ကျန်းမာပါတယ် ခုတော့ ပိုးသတ်ခန်းထဲထည့်ထားရတုန်းမို့ ညနေလောက်မှတွေ့လို့ရပါမယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

တာဝန်ကျ ဆရာဝန်ငယ်လေးက ရှင်းပြနေတာမို့ သေချာနားထောင်နေရတယ်။

"လူနာကတော့ မေ့ဆေးအရှိန်ရယ် ခွဲခန်းထဲမှာ နှလုံးနှိုးထားတဲ့အရှိန်ရယ်မို့ သတိရဖို့တော့ ရက်အနည်းငယ်ကြာနိုင်ပါတယ် သွေးထွက်လွန်ထားတာ ဆုံးရှုံးထားတဲ့ပမာဏကလဲ အတော့်ကိုများပါတယ်"

"သတိတော့ရလာမှာပါနော်"

"အာ ဟုတ် သတိရလာမှာပါ အချိန်မြန်တာနဲ့ နှေးတာပဲကွာမှာပါ လူနာက တအားကြောက်ရွံ့စိတ်များသွားတာမို့ နှလုံးကလဲတအားလှုပ်ရှားမှု့များသွားလို့ပါ"

"ကျေးဇူးပါ ဒေါက်တာ"

"ဟုတ် ရပါတယ်ခင်‌ဗျ ကျွန်တော့်ကို ခွင့်ပြုကြပါဦး"

"ကောင်းပါပြီကွယ်"

"သားကို ဘယ်လိုပြန်ပြောကျမလဲ ယောက်ျားရယ်"

"ပြောတော့ ပြောရမှာပေါ့ကွာ သူလဲသိထားရမယ်လေ ပြောပြဖို့အချိန်ခဏတော့ စောင့်ရမှာပေါ့"

သတိမရနိုင်သေးတဲ့ သားငယ်လေးလက်ကို ကိုင်ရင်းနဲ့ ကံဆိုးခြင်းတွေပြီးဆုံးပြီး ကံကောင်းခြင်းတွေ အမြန်ရောက်လာပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်။

"ကလေးကို သားတွေ့ချင်တယ် ပါး"

သတိရလာပြီမို့ သူ့ယောက်ျားကိုတွေ့ချင်တယ် တောင်းဆိုနေတဲ့ သားကို...

"အင်း တွေ့ရမယ် ကျန့်ကျန့်လေးက သတိမရသေးဘူး သား ကလေးက ယောက်ျားလေးမွေးတယ် သား,ကလေးကိုရော မတွေ့ချင်ဘူးလား?"

"နှစ်ယောက်လုံးကို တွေ့ချင်တာ ပါး"

"ခု သားငယ်လေးနားမှာ သားမားရော သူ့မားပါစောင့်ပေးနေတယ် ခု ပါးပြောချင်တာက သား စိတ်အဆင်ပြေပြီလား နေလို့ရောကောင်းသွားပြီလား

စိတ်ငြိမ်ဆေးထိုးပြီး ၂ရက်လောက်နားခိုင်းထားတာမို့ အဆင်ပြေလောက်ပြီထင်လို့ မေးကြည့်နေရတာ။သား နေကောင်းမှဖြစ်မယ်။ခုကိစ္စတွေရဲ့နောက်ကွယ်က တရားခံကိုရှာပြီး အပြစ်ပေးရဦးမယ်လေ။သားငယ်လေး မနိုးလာခင် ဒါတွေအားလုံးအပြီးသတ်လိုက်ချင်တယ်။

As Blind as A Mole (Complete)Where stories live. Discover now