ကလေးနေတဲ့ နယ်ကိုအမြန်ဆုံးလိုက်သွားမိတယ်။ကလေးလေးကို အရမ်းလွမ်းနေပြီလေ။
*ကလေးရေ ကိုကိုလာပြီနော်*
"သခင်လေး ခြံတံခါးရော အိမ်တံခါးပါ ပိတ်ထားပါတယ်"
"အနီးနားက ခြံတွေကိုမေးကြည့်လိုက်လေ သူတို့ခြံထဲများသွားနေကျလားမှ မသိတာ"
"ဟုတ် သခင်လေး"
စိတ်တွေလှုပ်ရှားလွန်းနေတာမလို့ ကားမောင်းဖို့အဆင်မပြေတာမို့ ဒရိုက်ဘာနဲ့သာ လာရတယ်။
bodyguard တွေလဲ ပါးကထည့်ပေးလိုက်သေးတာ။အဆင်ပြေရင် ပါးနဲ့မားက အမြန်ဆုံးလာတောင်းရမ်းပေးမယ်တဲ့လေ။အရာရာ အဆင်ပြေနေပြီမို့ လက်ရှိမှာ ကျန့်ငယ်ကို အရင် တွေ့အောင်ရှာရမယ်။'ဘယ်မှာများလဲ ကလေးရယ်?'
"သခင်လေး ဒီအိမ်ကလူတွေက ဟိုတလောကပဲ သူတို့အမျိုးတွေနဲ့ အတူလိုက်သွားကျတယ်တဲ့ ဘယ်လိုက်သွားလဲဆိုတာတော့ ပြောမသွားလို့ မသိကျဘူးတဲ့"
"ဘာ !!"
အမျိုးတွေနဲ့လိုက်သွားတာဆိုတော့ ကျန့်ငယ်အိမ်က ပြန်သွားတုန်းက ပြောသွားတဲ့ လာလည်တဲ့သူ့မားအကိုမိသားစုနဲ့ထင်တယ်။ဒါဆို ခဏအလည်များလိုက်သွားကြတာလား?..
ဟောက်ရွမ်း..
'ဟုတ်တယ် ဟောက်ရွမ်းကို ကျန့်ငယ်အကြောင်းမေးရင်တော့ သိနိုင်မယ်'"မြို့ပြင်ဖက်က ခြံတွေဆီကို မောင်း! ငါသွားတွေ့စရာ လူရှိတယ်"
ခေါင်းထဲမှာချက်ချင်းစဥ်းစားလို့ ပေါ်လာတာကဟောက်ရွမ်း။မြို့ပြင်က စိုက်ပျိုးရေးခြံတွေဆီ ကားကိုအမြန်မောင်းခိုင်းလိုက်မိတယ်။ဒီချိန်ဆို သူကလဲ ခြံထဲပဲရှိနေမှာလေ။
"ဟောက်ရွမ်း!!"
အသီးတွေခူးဖို့ အလုပ်သမားတွေကို ပြောနေတုန်း အနားရောက်လာပြီး ကိုယ့်နာမည်ကိုခေါ်လိုက်သူကြောင့် လှည့်ကြည့်လိုက်မိတော့...
"ရိပေါ် ?"
"အေး ငါ"
"မင်း ပြန်သတိရလာပြီလား?"
"အင်း ငါ အကုန်ပြန်သတိရလာပြီ ဒါနဲ့ ကျန့်ငယ်တို့က ဘယ်သွားကျတာလဲ"
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024