ABM -4

1K 21 1
                                    

ကျိရန်ကို ကိုကိုနဲ့ချိန်းထားတဲ့ coffeeဆိုင်ကိုခေါ်လာမိသည်။ကိုကိုကလဲ သူ့သူငယ်ချင်းကိုခေါ်လာမယ်ဆို‌‌တော့ အဆင်ပြေသည်...။ပြောဖို့မေ့နေတာ အဲ့နေ့က ကျန့်ကျန့်နဲ့ကိုကို ဖုန်းနံပါတ်တွေလဲဖြစ်ခဲ့ကြသည်။ခုက ကျန့်ကျန့်ခြေထောက်လဲသက်သာလာပြီဆို‌တော့ ကိုကိုနဲ့အရမ်းတွေ့ချင်နေပါပြီ။

"ရောက်နေကျပြီလား?"

ကိုကိုတို့၂ယောက်က coffee ဆိုင်ထဲဝင်လာရင်း သူတို့ထိုင် နေတဲ့ဝိုင်းမှာ၀င်ထိုင်ရင်းမေးလိုက်တာ ကြောင့်..

"ဟုတ်"

"sorry နော် ကိုယ်တို့ နည်းနည်းနောက်ကျသွားတယ်"

"အာ ရပါတယ် နောက်မကျပါဘူး ကျန့်ကျန့်တို့က ကျောင်းကစောဆင်းလို့ကြို‌ရောက်နေတာပါ"

ခု‌ coffee ဆိုင်က ကျောင်းနားကဆိုင်..ကိုကို့သူငယ်ချင်းကတော့ ဝင်လာတည်းက ကျိရန်ကိုကြည့်နေတာ မျက်စိကြီးကျွတ်ကျတော့မယ်အတိုင်းပဲ...ကျိရန်ကလဲ ဘာတွေဖြစ်မှန်းမသိ ခြေတုန်လက်တုန်နဲ့။

အော်...ငါလေးက ရင်ခုန်ရမလား မှတ်တယ် သူတို့ကဘာဖြစ်ချင်နေကျတာတုန်း...

"မိတ်ဆက်ပေးရဦးမယ် ကျွန်တော်ကရှောင်းကျန့်ပါ ဒါက ကျွန်တော့်သူငယ်ချင်း စုန့်ကျိရန်တဲ့"

"အင်း တွေ့ရတာ ဝမ်းသာပါတယ် စုန့်လေး"

ကိုကို့သူငယ်ချင်းကဝင်ပြောလိုက်တော့ ကျွန်တော်တောင် ကြောင်သွားမိတယ်။'ဘာလဲဟ' ..ကျိရန်ကိုကြည့်တော့လည်း တွေတွေကြီးသာ ထိုအစ်ကိုကို စိုက်ကြည့်နေတာ။

"အင်း ဒါက ကိုယ့်သူငယ်ချင်း ဝမ်ဟောက်ရွမ်းတဲ့"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ဟောက်ရွမ်းကော"

တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ကျပြီး coffee သောက် စကားအနည်းငယ်‌‌ ပြောပြီး ကိုယ်စီအိမ်ပြန်ခဲ့ကြသည်။အိမ်ပြန်လမ်းမှာတော့..

"ကဲ ကျိရန် ငါ့ကို ဘာမှပြောစရာမရှိဘူးလား?"

"အမ် ဘာကိုလဲ ကျန့်ကျန့်ရဲ့"

အံမယ် သူက ပြန်မေးရတယ်ရှိသေး ဟောက်ရွမ်းကောရှေ့မှာတော့ ကြောင်ရှေ့ရောက်နေတဲ့ကြွက်လိုလိုလုပ်နေပြီးတော့... မရဘူး ဒီနေ့ ဒီအကြောင်းသိကိုသိရမယ် ငကျန့်တဲ့ တစ်ကျန့်ထဲရှိတယ်။ နှစ်ကျန့်ရှိရင် ဈေးထဲအချိန်နဲ့သွားရောင်းစားပစ်မယ်။ဘာမှတ်နေလဲ..

As Blind as A Mole (Complete)Where stories live. Discover now