*ကိုကို*
ကျန့်ငယ်နှုတ်ဆက်ခဲ့ပါတယ်။ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးလို့ ထင်ပါတယ်။အတိတ်တွေကိုလဲ သတိရဖို့မကြိုးစားပါနဲ့တော့ ကိုကိုရယ်။မဟုတ်ရင် ကိုကို ရွံ့ပါတယ်လို့ပြောခဲ့တဲ့ ယောက်ျားချင်းကြိုက်ခဲ့သူက ကိုကို ကိုယ်တိုင်ဖြစ်နေတာကို ပြန်သတိရခဲ့ရင် ကိုယ့်ဖာသာခွင့်မလွှတ်နိုင်ပဲ ဖြစ်နေမှာစိုးလို့ပါ။
ကျန့်ငယ် ကိုကို့ကို အရမ်းချစ်တယ်နော်။
ခုလဲချစ်တယ် နောင်လဲချစ်မယ် သံသရာတလျှောက်လည်နေသရွေ့ကိုကို တစ်ယောက်တည်းကိုပဲ ချစ်ခွင့်ရချင်ပါတယ်။အဲ့လိုပဲ ပိုင်ဆိုင်ခွင့်လဲ ရချင်မိတယ် ကိုကိုရယ်။ကျန့်ငယ်မှာလေ ကိုကို့ကိုယ်ပွားလေး လွယ်ထားရတယ်။ကိုကို့ကို မေးဖူးတယ်လေ ကျန့်ငယ်မှာသာ ကိုယ်ဝန်ရှိခဲ့ရင် တာဝန်ယူမှာလားလို့။
မျက်ရည်ကျလို့ ခေါင်းကိုအထပ်ထပ်ညိမ့်လိုက်မိရင်း...
"ဟုတ်တယ် ကလေးမေးခဲ့ဖူးပါတယ်"
အဲ့တုန်းက ကိုကိုက မဖြစ်နိုင်တာတွေမေးတယ်လို့ပြောခဲ့တယ်လေ။
"ဒီလိုတွေ ဖြစ်လာမယ်မှန်း ကိုကိုမသိခဲ့လို့ပါ ကလေးရယ်..ကိုကို မသိခဲ့လို့.ပါ"
ခု ဖြစ်လာပြီဆိုတဲ့အချိန်ကျတော့လဲ ကျန့်ငယ်မှာမေးခွင့်မရှိတော့ဘူးနော်။
"မဟုတ်ဘူး မေးခွင့်ရှိသလို မေးလို့လဲရပါတယ် ကလေးရယ် ဒီအချိန်မှာတော့ ကိုကို ကလေးကို အကောင်းဆုံးအဖြေ ပြန်ပေးနိုင်ဖို့ စဉ်းစားပြီးပါပြီ"
ကျန့်ငယ်ရေးထားခဲ့တဲ့ စာလေးကိုကိုင်ရင်း တစ်ကိုယ်ထဲ အဖြေတွေပြန်ပေးနေမိတယ်။
ကျန့်ငယ် အရမ်းပျော်တယ် သိလား ကိုကို။ကိုကို့ရင်သွေးလေးကို လွယ်ပေးနိုင်တဲ့အတွက်ပေါ့။ဒါကြောင့် ဘယ်သူတွေ ဘယ်လောက်ပဲကန့်ကွက် ကန့်ကွက် ကလေးလေးကို ကျန့်ငယ်အစွမ်းကုန်ကာကွယ်ပေးမှာပါ။လောကကြီးမှာ သူလေးရှိနေတာ ကိုကိုမသိခဲ့ရင်တောင် သူလေးကို ကျန့်ငယ်က သက်ဆုံးတိုင်ကာကွယ်ပေးသွားမှာလို့ ကိုကို့ကို ကတိပေးတယ်။အဲ့ဒါ ကိုကို့ကို ကျန့်ငယ်သိပ်ချစ်မိလို့ ကိုကို့ရင်သွေးလေးကိုလဲ သိပ်တန်ဖိုးထားလို့ပါပဲ ကိုကိုရယ်။
ကိုကို့ကို
သိပ်ချစ်တဲ့
ကျန့်ငယ်
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024