🔞🔞🔞
နှာခေါင်းလေးကို အသာညှစ်ရင်းပြောလိုက်တော့ သွားလေးတွေပေါ်အောင်ပြုံးပြရှာတယ်။
"ကိုကိုကရော?"
"ကလေးကို ကိုကို ချော့သိပ်မယ်လေ"
"အနားမှာနေနော် ဘယ်မှမသွားနဲ့"
"အင်း ဘယ်မှမသွားဘူး ခု ကလေးကို ချော့သိပ်မယ် လာ"
ဆိုဖာမှာထိုင်နေတဲ့ ဗိုက်ပူလေးကိုချီလိုက်ပြီး ကုတင်ပေါ်တင်လိုက်တယ်။သူ့အနားလှဲအိပ်ပြီး ကျောလေးကိုပွတ်ပေးနေပြီး ခဏနေတော့ အသက်ရှူသံမှန်မှန်လေးနဲ့ အိပ်ပျော်သွားတော့တယ်။ညက ဘယ်လောက်တောင်တွေးပြီးငိုနေလဲမသိ ခုကျတော့ ခဏလေးပုတ်ပေးလိုက်တာနဲ့ အိပ်ပျော်သွားတော့သည်။
'တောင်းပန်ပါတယ် ကလေးရယ် ကိုကို့ကြောင့် စိတ်ဆင်းရဲပြီး အိပ်ရေးတွေပျက်ရတယ်လို့ကွာ စိတ်ချမ်းသာအောင်ထားပါ့မယ်ဆိုပြီး ခုတော့'
နဖူးလေးကို ဖွဖွလေးနမ်းပြီး ကုတင်ပေါ်က အသာဆင်းလိုက်တယ်။ဝရန်တာထွက်ပြီး မန်နေဂျာကို ဖုန်းခေါ်ကာ စစ်ရမယ့်စာရင်းတွေအခန်းထဲပဲ လာပို့ခိုင်းလိုက်တော့တယ်။အပြင်ထွက်ပြီးစစ်နေလို့ သူလေးနိုးလာလို့ ကိုယ့်မမြင်ရင်ထပ်ပြီးဝမ်းနည်းနေရဦးမယ်လေ။ကိုယ့်မှာ အပန်းလဲဖြေရင်း အလုပ်လဲလုပ်ရင်းဆိုသလို ဒီမှာနေတုန်း လိုအပ်တာတွေအကုန်ဖြည့်ပေးသွားမယ် စဉ်းစားပြီး ကျွန်းတစ်ခုလုံးကို လိုက်စစ်ရဦးမယ်လေ။စစ်တာကတော့ နောက်ရက်မှပေါ့ ခုတော့ ဝင်ငွေထွက်ငွေတွေပဲ အရင်စစ်ရတော့မယ်။
တွေးနေရင်း အခန်းတံခါးခေါက်သံကြားလို့တံခါးဖွင့်ကြည့်လိုက်တော့ စာရင်းဖိုင်တွေလာပေးတဲ့ မန်နေဂျာဖြစ်နေတာမို့ သူ့လက်ထဲက ဖိုင်တွေလှမ်းယူလိုက်ရင်း ...
"Boss ဒါတွေက ဒီနှစ်ရဲ့ ဝင်ငွေထွက်ငွေစာရင်းတွေပါ ဘာများထပ်လိုဦးမလဲ ခင်ဗျ"
"ရတယ်မလိုတော့ဘူး နောက်ရက်မှ အပန်းဖြေစခန်းမှာလိုတာတွေလိုက်စစ်ရင်း ပြောမယ်"
"ဟုတ်ကဲ့ လိုက်စစ်မယ်ဆိုပြောပါ boss အဆင်သင့်ပြင်ထားလိုက်ပါ့မယ်"
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024