ABM -17

498 9 1
                                    

မနက်အစောဆုံးလေယာဉ်စီးလာတာ‌မို့ ပေကျင်းရောက်တော့ နေ့ခင်းတောင်မရောက်သေး။ဟောက်ရွမ်းကောက ညတည်းက ချန်းမင်ကောကိုဖုန်းဆက်မေးထားလို့ ကိုကိုတက်နေတဲ့ဆေးရုံနဲ့အခန်းကို သိခဲ့ရတယ်။ဒါကြောင့်လေယာဉ်ကွင်းကနေ ဆေးရုံကိုပဲ ကားငှားလာလိုက်တော့တယ်။

"ချန်းမင်ကော ရိပေါ် ဘယ်လိုနေသေးလဲ?"

ဆေးရုံကိုရောက်တော့ ကိုကို့အခန်းဝတင် ချန်းမင်ကောနဲ့တွေ့လို့ အကျိုးအကြောင်းမေးကြည့်လိုက်တော့..

"သခင်လေးကတော့ သတိပြန်ရလာပါပြီ ဒါပေမယ့် ခြေထောက်က ကားတိုက်မိတုန်းက ခုံနဲ့ညပ်သွားတဲ့အရှိန်ကြောင့် ထိခိုက်သွားတာကြောင့်သိပ်လှုပ်ရှားလို့မရဘူး လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ဆေးမှန်မှန်သောက်ရင်တော့ သက်သာလာမယ်ပြောတယ် တချို့အ‌ကြောင်းအရာတွေကိုလည်းမေ့သွားတယ် ဒေါက်တာပြောတာကတော့ ခေါင်းကကားတိုက်တဲ့အရှိန်ကြောင့် မှန်နဲ့ရိုက်မိသွားလို့ ယာယီမှတ်ဉာဏ်ပျောက်သွားတယ်လို့တော့ ပြောတာပဲ"

"accident က ဘယ်လိုဖြစ်တာလဲ ကော ရိပေါ်က ကားပဲမောင်းမောင်း ဆိုင်ကယ်ပဲမောင်းမောင်း သတိထားတဲ့သူပါ"

"ဟုတ်တယ် accident ဖြစ်တဲ့နေ့က ကားက ဒရိုက်ဘာမောင်းတာ သခင်လေးမောင်းတာမဟုတ်လို့ ထိတာနည်းသွားတာ ဒရိုက်ဘာကတော့ on the spot ပဲ"

"ဘယ်လိုကြောင့် ဒီလောက်ကြီးထိ ဖြစ်ရတာလဲ ကောရယ်"

"မတော်တဆပဲပြောရမယ် သခင်လေးတို့ကားက ပွိုင့်ဖြတ်လာတုန်း တစ်ဖက်ကားက ဘရိတ်ကြိုးပြတ်ပြီး ဝင်တိုက်တာ တစ်ဖက်ကတော့ တော်တော်ထိခိုက်သွားကျတယ် ဖြစ်တဲ့ဖက်က သခင်လေးထိုင်တဲ့ဖက် မဟုတ်လို့ တော်တော်သက်သာသွားတယ် ပြောရမယ်"

"ကံကောင်းလို့ပေါ့ဗျာ"

"အင်း အဲ့လိုပဲပြောရမယ် ဝင်တွေ့လိုက်ကျဦးလေ ကောကိုတော့ ခွင့်ပြုဦးနော် ဆေးရုံဆင်းဖို့ကိစ္စတွေလုပ်ရဦးမှာမို့"

"ဟုတ် ကော ကျေးဇူးတင်ပါတယ်"

"အေး အေး"

ချန်းမင်ကောလဲထွက်သွားရော ကျန့်ကျန့်တစ်ယောက်အနားကခုံပေါ်ထိုင်ကျသွားတယ်။ခုနက စကားပြောနေတုန်းတည်းက လူကတုန်ရီနေတာကျိရန်ထိန်းကိုင်ပေးထားလို့သာ လဲမကျတာ။

As Blind as A Mole (Complete)Where stories live. Discover now