ကျန့်ငယ်ကိုတွေ့ဖို့ အပြေးလေးအိမ်ထဲက ထွက်လာမိတယ်။ကျန့်ငယ်က ဒီချိန်ဆို သူတို့အိမ်လမ်းထိပ်က ပန်းခြံထဲ တစ်ယောက်ထဲ လာထိုင်နေတတ်တယ်တဲ့လေ။သူလေးတစ်ယောက်တည်း ဒီအချိန်တွေမှာ ဘယ်လောက်တောင်များ အားငယ်နေလိမ့်မလဲ။တွေးရင်း သက်ပြင်းမောသာချမိတော့တယ်။ဖြစ်ပျက်သမျှအကုန်ကို တွေးကြည့်လိုက်ရင် ကိုယ့်အပြစ်တွေကြီးပဲမို့ မျက်နှာလဲမပြရဲအောင် ရှက်မိပါတယ်။
'စိတ်ချပါ ကလေးရယ် ခုချိန်ကပြီး ကလေးအတွက် ပျော်စရာတွေပဲ ကိုကိုက ပေးတော့မှာပါ'
ပန်းခြံထဲမျက်စိဝေ့ရှာမိတော့ တွေ့ပါပြီ။နို့နှစ်ရောင်အကျီအပွလေးနဲ့ချည်သားဘောင်းဘီအရှည်အစင်းလေးဝတ်ထားတဲ့ ကလေးအဖေပေါက်စလေးကို။သစ်ပင်အောက်က ခုံတန်းလေးမှာထိုင်ရင် အဝေးကကိုတွေတွေလေးငေးနေတာက အရုပ်လေးချထားသလိုကို ငြိမ်သက်နေတာ။ဗိုက်လေးက ၃လ ကျော်လောက်ပဲရှိသေးတော့ သိပ်မထွက်သေး။
"ကလေး!"
သူ့အနားသွားပြီး ခေါ်လိုက်တော့ ငေးနေရာကနေ အလန့်တကြားမော့ကြည့်လာတယ်။နောက်တော့ တအံ့တဩနဲ့ ပါးစပ်ကမေးဖို့ပြင်လာပြီး..
"အဲ အင့်!"
နောက်မှ သတိရသွားတယ်ထင်ရဲ့ သူ့ဖုန်းလေးထုတ်ပြီး စာရိုက်ပြရှာတယ်။
"ကိုကိုက ဘယ်လိုဖြစ်ပြီး?.."
သူမေးချင်တာကို သိနေတာမို့ ဆက်မရေးခိုင်းတော့ပဲ သူ့နှုတ်ခမ်းလေးကို ဖိနမ်းလိုက်မိတယ်။
"အွန့်"
"အရမ်းလွမ်းနေရတာကွာ"
သူ့ကိုအတင်းဖက်နမ်းတော့ ရင်ဘတ်ကိုတွန်းထုတ်ပြီး စာရိုက်ပြပြန်ရော။သူမေးမှာ သိနေတဲ့ကိုယ်ကပဲ...ဖုန်းကို လက်နဲ့ကာလိုက်ပြီး..
"အင်း မမေးနဲ့ ကလေးသိချင်တာတွေ ကိုကိုရှင်းပြမယ် ဟုတ်ပြီလား"
အဲ့တော့မှ ခေါင်းလေးညိမ့်ပြတယ်။
သူ အိမ်ကနေပြန်သွားပြီး ဆေးကုတာကနေ နယ်ကိုလိုက်ပြီး ဟောက်ရွမ်းတို့ ကျိရန်တို့နဲ့တွေ့ ဒီကလိပ်စာရပြီး လိုက်လာကာ သူ့မားနဲ့တွေ့ပြီးတဲ့ထိ ရှင်းပြလိုက်တော့...ရင်ခွင်ထဲတိုးဝင်ပြီး ရှိုက်ကြီးတငင်ငိုရှာတယ်။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024