ABM -1

1.7K 32 5
                                    

တောင်တန်းတွေရယ် သိပ်လှတဲ့ပန်းတွေရယ်နဲ့ စိတ်ကူးယဉ်ဆန်ဆန် နယ်မြို့လေးတစ်မြို့မှာ ကျွန်တော်ကြီးပြင်းခဲ့တယ် အမေတစ်ခု သားတစ်ခုဘဝမှာ ပါးရဲ့လက်ငုတ်လက်ရင်းခြံလုပ်ငန်းတွေလုပ်ကိုင်ရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့တဲ့ ကျွန်တော်က ကိုကိုနဲ့ မတွေ့သေးခင်အချိန်ထိ မချစ်တတ်သးတဲ့ ငတုံးလေးပါပဲ။

ခြံထဲမှာ စာရင်းတွေစစ်နေတုန်း အိမ်ကနေ ဧည့်သည်ရောက်နေတယ်ဆိုပြီး အိမ်အကူလေးဖုန်းဆက်ပြောလို့ အဝယ်တော်တွေထင်မိတာ ခုတော့ ..

"ရိပေါ် မင်းက လာမယ်ဆိုလဲ ဖုန်းတောင်မဆက်ဘူး"

အရင်လို ခန့်သန့်နေတဲ့ပုံမျိုးမဟုတ်ပဲ နှုတ်ခမ်းမွှေးမရိတ်မသင် အဝတ်အစားဖိုသီဖတ်သီနဲ့အိမ်ရောက်လာတဲ့ သူငယ်ချင်းကိုကြည့်ရင်း တခုခုတော့ဖြစ်လာပြီလို့တွေးလိုက်မိတယ်။

ဟုတ်တယ်လေ ကျောင်းတုန်းတည်းက ဒီကောင်ကအမြဲ သန့်ပြန့်နေပြီး အဝတ်အစားက အစ,မထပ်စေမရပဲ မင်းသားရှုံးအောင်ဝတ်တတ်တဲ့သူလေ။ရုပ်ရည်ကလဲပြောစရာမရှိအောင်ချောတာလဲပါတာပေါ့။ပိုက်ဆံချမ်းသာတဲ့တစ်ဦးတည်းသောသားဆိုတော့ ဆိုင်ကယ်ထည်လဲစီးပြီး ကျောင်းသားတိုင်းအားကျခဲ့ရတဲ့ ကျောင်းသူတိုင်းရင်ခုန်ခဲ့ရတဲ့ ကျောင်းတော်ကြီးရဲ့king‌ လေ။

ဝမ်ရိပေါ်ကတော့ သူ့ရည်းစားယုလီနဲ့သာအချိန်ကုန်တာများပြီး သူငယ်ချင်းတွေနဲ့တောင် အတန်းတက်ချိန်လောက်မှပဲစကားပြောတတ်တာဆိုတော့ သိပ်အပါင်းအသင်းများများစားစား မရှိတဲ့သူပေါ့။

"ငါလဲ လာဖို့အစီအစဉ်မရှိဘူး "

"အမ် ဒါဆို ခုက ဘာလို့.."

ကျွန်တော်မှာ ခြံစာရင်းတွေဆက်လုပ်ရင်း ဘာများဖြစ်လို့လဲလို့ အမြန်မေးလိုက်မိသည်။

"ငါ သူနဲ့လမ်းခွဲလိုက်ပြီ"

"ဟမ်!"

ဘာပြောတယ် အစကစဉ်းစားမရတာကြောင့် မေးခွန်းပြန်ထုတ်လိုက်ပြီးခါမှ..

"မင်း ‌ပြောတော့ လက်ထပ်ဖို့တောင် စီစဉ်တော့မယ်ဆို"

ဟုတ်တယ်လေ သူတို့က ပထမနှစ်စတက်တည်းက ချစ်သူဖြစ်နေကျပြီး ကျောင်းပြီးတဲ့ထိမခွဲအတူဆိုတော့ မေးရပြီလေ။ ကိုယ်ကသာ ကိုယ့်နယ်ကိုယ်ပြန်ပြီး မိဘထားခဲ့တဲ့ခြံတွေပြန်ဦးစီးနေရတာ...ကျောင်းတုန်းကလဲ ကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်နဲ့ရည်းစားတောင် မူးလို့ရှူစရာရှိခဲ့တာမဟုတ်ဘူး။သူတို့နှစ်ယောက်က အကုန်ပြည့်စုံနေပြီး မိဘတွေကလဲ သဘောတူကြည်ဖြူပြီးသား အဲ့တာကို...

As Blind as A Mole (Complete)Where stories live. Discover now