"ရှက်.ဖို့.ကောင်း.လိုက်တာကွာ!!"
သတိရလာတော့ ဆေးရုံရောက်နေမှန်းသိလိုက်ရတယ်။ဘဘကြီးကလဲ အံတင်းတင်းကြိတ်လို့ တော်တော်ဒေါသထွက်နေမှန်းသိလိုက်တယ်။မားကလဲ တရှုံ့ရှုံ့နဲ့ငိုနေတယ်။ကျဲနဲ့အန်တီကတော့ ကျန့်ကျန့်ကိုနှမျောသလို ကြည့်နေကြတယ်။ ကျန်းချန်ကောကတော့ ထိုင်ခုံမှာခေါင်းကြီးငုံ့ပြီးထိုင်နေတယ်။
"မား ဘာဖြစ်လို့ ငိုနေတာလဲ ဟင် ကျန့်ကျန့်ဘာဖြစ်လို့လဲ?"
သူတို့ပုံတွေကြည့်ပြီး နားမလည်လို့ မားကိုမေးမိတော့ ဘဘကြီးက အနားရောက်လာပြီး..
"မင်း အဲ့လောက်မိုက်ရလား ဟမ်! ယောက်ျားတစ်ယောက်ဖြစ်ပြီးကွာ တောက်စ်! ဖျက်ချမယ်! အဲ့ကလေးကိုဖျက်ကို ဖျက်ချပစ်ရမယ် ဘယ်သူနဲ့ရရ ငါစိတ်မဝင်စားဘူး ဒီကလေးလူလောကထဲရောက်ကို မရောက်လာစေရဘူး!"
"စိတ်ထိန်းပါ အကိုရယ် စိတ်ကိုလျော့ပါ"
အန်တီက ဘဘကြီးကို စိတ်လျော့ဖို့ပြောနေရင်း ကျဲက ကျန့်ကျန့်အနားရောက်လာတယ်။
"ကျန့်လေး မောင်လေးမှာ ကိုယ်ဝန်ရှိနေတယ် ၃လရှိပြီတဲ့"
"ဟင် ကျဲ ဘာပြောလိုက်တာ"
ကျဲဆီက မထင်ထားတဲ့စကားကြားပြီး အရမ်းကိုအံ့အားသင့်သွားမိတယ်။ဒါဆို ကျန့်ကျန့်က ကိုကို့ရင်သွေးလေးကို လွယ်ထားရတာပေါ့။ရင်ထဲမှာ အတိုင်းမသိကြည်နူးမိတယ်။ဒါပေမယ့် ဘဘကြီးပြောလိုက်တဲ့ စကားတွေအရဆို..
"ဟင့်အင်း မလုပ်ဘူးနော် ကျန့်ကျန့်ကလေးလေးကို ဖျက်မချပါနဲ့နော် ကျန့်ကျန့် သူ့ကိုမွေးချင်လို့ပါ ဘဘကြီးရယ် ကျန့်ကျန့်တောင်းပန်ပါတယ်"
ဆေးရုံကုတင်ပေါ်ကနေ ဒူးထောက်လက်အုပ်ချီပြီး ဘဘကြီးကို တောင်းပန်မိတယ်။
"မရဘူး ရှောင်ကျန့် ငါတို့ကို မင်းကအရှက်ကွဲပြီးတစ်သက်လုံး လူတောမတိုးနိုင်အောင်လုပ်မလို့လား ဖျက်! ခုချက်ခြင်းကို အဲ့ဒါကလေးကိုဖျက်ချပစ်"
"မား ကျန့်ကျန့်ကိုကယ်ပါဦး မား ဘဘကြီးကို ကူပြောပေးပါဦး မားရယ် သားတောင်းပန်ပါတယ် သားရင်သွေးလေးကို မဖျက်ချပါရစေနဲ့နော် တောင်းပန်ပါတယ် ဒီလိုမျိုးတောင်းပန်ပါတယ်"
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024