"ပေါ်ပေါ်!"
"ဗျာ ပါးပါး!"
"ပါးပါး နောက်ထား လူကအခု လာ!"
"လာပြီ ပါးပါး!"
"ပြော ဒီနေ့ ဘာစားလာလဲ?"
"ဟို.ဟို.."
"ဒီသားအဖတွေ ဘာဖြစ်နေတာလဲ?"
ကျန့်ငယ်အသံကြောင့် အခန်းထဲဝင်လာလိုက်မိရုံရှိသေး..
"ပါးပါး သားသားက စားချင်လို့ ဟုတ်ဖူးနော် ဒယ်ဒီက စားမလားလို့မေးလို့ သားသားကမစားဖူးဆိုရင် ဒယ်ဒီစိတ်မကောင်းဖြစ်မှာစိုးလို့ သားသားက စားပေးတာပါ"
"ဘာ ဟေ့ကောင်! မင်းနော် မင်း!"
ကျောင်းကြိုအပြန် ရေခဲမုန့်မှစားချင်ပါတယ်ဆိုလို့ 'မင်းပါးပါးကို ပြန်မပြောကြေးနော်'ဆိုပြီး ကတိခံပြီးကျွေးခဲ့ရတာ။ခုတော့ ကျန့်ငယ်က ဘယ်လိုသိသွားတယ် မသိ။သိပ်တောင်စစ်စရာမလိုဘူး ကိုယ်ဝယ်ကျွေးလို့ စားရတယ်ပဲဖြစ်ရသေးတယ်။မွေးရကျိုးနပ်တဲ့ဟာလေး။အဲ ကိုယ်မွေးတာမှ မဟုတ်တာ မွေးတာက ကျန့်ငယ်ပဲဟာ။ကိုယ်က...ဟဲ 😁
ဒီကောင်က သိပ်လည်တာ။သားက ချောင်းဆိုးရင် တော်ရုံနဲ့မပျောက်တာမို့ ကျန့်ငယ်က အချိုတွေကို စည်းစနစ်နဲ့ကျွေးလေ့ရှိတယ်။ဒါကို သူ့ပါးပါး ကျောင်းလာမကြိုတဲ့ တစ်ရက်လေး ကိုယ့်ကိုရအောင်ပူဆာပြီး စားချင်တာစားတာ။သူ့သနားလို့ ဝယ်ကျွေးမိတာ ခုတော့ ကိုယ့်အပြစ်ကိုဖြစ်ရောပဲ။
ပေါ်ပေါ် ၃လသားမှာ ကျန့်ငယ်က သားအိမ်ထုတ်လိုက်ရတာကိုသိသွားခဲ့တယ်။သူ့နှလုံးက စိတ်ပင်ပန်းတဲ့ဒဏ် သိပ်မခံနိုင်လို့ ဆေးရုံတစ်ပတ်လောက်တက်လိုက်ရသေးသည်။အဲ့အချိန်ကစပြီး သူနောက်ထပ်ကလေးယူလို့မရတော့ဘူးဆိုပြီး ပေါ်ပေါ်ကို မျက်စိအောက်ကအပျောက်မခံတော့တာပါပဲ။အရမ်းလဲဂရုစိုက်ရှာတယ်။သူ့သားက သူ့ဘဝပါတဲ့လေ။ဒါဆို ဒီလူကရော..လို့ ..
"ကိုကိုနော် သားသားက ချောင်းဆိုးအရမ်းကြာတတ်တာ သိရဲ့သားနဲ့ ဘာလို့ဝယ်ကျွေးရတာလဲ ခုလဲ သားကျောင်းအဝတ်တွေလျှော်မလို့ယူကြည့်မှ ခရင်တွေပေနေတာတွေ့တာ"
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024