Little Waning 🦁
"ဟား ဟား ဟားး"
"ဟား ဟား ဟား"
"အေးပါ ငါ့ကိုလှောင်ထားပါ မင်းတို့ ပြီးမှ ငါ့လိုဆိုဖာနဲ့ညားနေမယ်"
ရှက်ရှက်နဲ့ ရိပေါ်တို့ကိုသာ ကြိမ်းလိုက်တာ ကိုယ့်လက်ချက် ကိုယ်သိတယ် စုန့်လေးက လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူးရယ်။
ကမ်းခြေကို အပန်းဖြေဖို့လာတာ ညနေက အခန်းထဲကတောင်မထွက်နိုင်လို့ ဆူဆဲရိုက်နှက်တာလဲခံရပြီးပြီ။ကိုယ်ကလဲ ကိုယ်ပဲ သူပေးတယ်ဆိုတာနဲ့ အလွမ်းတွေဖြေလိုက်တာ ရောက်တည်းကနေ ညနေစောင်းသွားရော။ဒါတောင် သူလေးက မခံနိုင်တော့ပါဘူး တောင်းပန်လို့ ရပ်လိုက်တာ။ကိုယ့်သဘောသာဆို ညထိရောက်တယ်။ခုတော့ ကိုယ့်အပြစ်နဲ့ ကိုယ်ခံပေါ့လေ။ဖက်အိပ်ခွင့်လေးတောင် ပေးမယ် မထင်တော့ဘူး။
ဟူး.....
အားလုံးရီမောနောက်ပြောင်ကျရင်း ညလဲအတော်နက်ပြီဆိုတော့ အသီးသီးအခန်းထဲဝင်နားကြတော့တယ်။
"ကလေး ဘာလုပ်နေတာလဲ ညနက်နေပြီလေ ခြေလက်ဆေး အကျီလဲပြီး အိပ်ကျမယ်လေ"
အခန်းထဲဝင်လာပြီး အိပ်ဖို့အရေး ဘာတွေလုပ်နေမှန်းမသိတဲ့ ကျန့်ငယ်ကို စောင့်နေရတာအတော်ကြာပြီမို့ ရိပေါ်ဖက်ကပဲ အိပ်ဖို့စ,ပြောရတော့သည်။
ကိုကိုက အိပ်ဖို့ပြောနေပေမယ့် တကယ်တမ်းကျ ကျန့်ကျန့် ချွေးပြန်နေမိသည်။နေ့ခင်းက အတူတူအိပ်တယ်ဆိုပေမယ့် ရိုးရိုးသားသားလေ။ခုကျတော့ ကိုကိုကလဲ သူ့အချစ်တွေ ဖွင့်ဟဝန်ခံပြီးပြီဆိုတော့ ကျန့်ကျန့် လန့်နေမိတယ်။ကိုကို့ဖက်က တောင်းဆိုရင်ပေးနိုင်တယ် ဆိုပေမယ့်လဲ ဒါက ပထမဆုံးဆိုတော့ ရင်တွေတုန်ပြီး သေးပဲပေါက်ချင်သလိုလို ရေပဲသောက်ချင်သလိုလိုနဲ့ ဘာလုပ်ရမလဲမသိတာမို့ အဝတ်အိတ်ကိုထိုင်မွှေနေမိတာကို ခုတော့ ကိုကိုက အကျီလဲပြီး အိပ်ဖို့ပြောနေပြီ မထလို့လဲမရတော့ဘူး။
'ဟူး...ရင်ဆိုင်ရုံပေါ့ကွာ'
အားတင်းထရပ်ပြီး အကျီလဲဖို့ အဝတ်တွေယူပြီး ရေချိုးခန်းထဲဝင်လာလိုက်တော့တယ်။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024