ကျိရန်တို့နဲ့ ခဏစကားပြောပြီး လူကြီးတွေထိုင်နေတဲ့ နေရာဆီ လျှောက်လာခဲ့တယ်။ပါးလဲ ရှိနေတော့ လုပ်ငန်း partner တွေနဲ့ ကျန့်ငယ်ကိုပါ မိတ်ဆက်ပေးရအောင်လေ။
"ဒီနေ့ရဲ့ သတိုးသားလေးကို မိတ်ဆက်ပေးပါရစေ ဒါ ကျွန်တော်ရဲ့သားငယ်လေး ရှောင်းကျန့်တဲ့ အားလုံးပဲ မှတ်ထားပေးပါ"
"တွေ့ရတာ ဝမ်းသာပါတယ်ကွာ အန်ကယ်တို့ကိုလဲ မှတ်ထားနော်"
ပါးရဲ့ ငယ်သူငယ်ချင်းက ထနှုတ်ဆက်တော့...လက်ကိုလာကိုင်ပြီး ဘာပြန်ပြောရမလဲမသိဖြစ်နေတဲ့ ကလေးလက်လေးကို အပေါ်ကအုပ်ကိုင်လိုက်ပြီး...
"ကျေးဇူးပါ အန်ကယ်မော့ ကျွန်တော့အိမ်သားက accident တခုကြောင့် ခုချိန်မှာ ယာယီစကားမပြောနိုင်သေးလို့ ခွင့်လွှတ်ပေးပါ ခင်ဗျ"
"OMG..
ပြင်းထန်လို့လား ဝမ်လေး""စိတ်က အဓိကပေါ့ အန်ကယ် ကြောက်လန့်သွားတဲ့စိတ်ရယ် ကိုယ်ဝန်လွယ်ထားချိန်နဲ့ တိုက်ဆိုင်သွားတာရယ်ကြောင့် အဲ့လောက်ထိဖြစ်သွားတာပါ"
"So sorry ပါ သားရယ် အန်ကယ့်ကို ခွင့်လွှတ်ပါနော် အန်ကယ်က မသိပဲနဲ့ပြောလိုက်မိလို့"
ခေါင်းလေးတွင်တွင်ခါပြီး သူဘယ်လိုမှ သဘောမထားပါဘူးလို့ လက်ဟန်နဲ့ပြောလာတာမို့...
"ရပါတယ် သူဘယ်လိုမှသဘောမထားပါဘူးတဲ့ အန်ကယ့်အမှားမဟုတ်ပါဘူးတဲ့"
"အိုး တကယ့်ကို စိတ်သဘောထားပြည့်တဲ့ ကလေးပဲ congratulation ပါ သားတို့ရယ် ရာသက်ပန်လက်တွဲမြဲကျပါစေ"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ အန်ကယ် ကျေးဇူးပါ ခွင့်ပြုပါဦး"
"Ok သားတို့"
ကျန့်ငယ်ကလဲ အားလုံးကို ဦးညွှတ်ပြပြီး တခြားဝိုင်းတွေဆီ ထွက်လာလိုက်တယ်။
"ကလေး ကျိရန်တို့နဲ့သွားထိုင်မလား ကိုကိုပဲတခြားဝိုင်းတွေကို လိုက်နှုတ်ဆက်လိုက်မယ် ကလေးညောင်းနေမှာစိုးလို့"
တကယ်က တခြားဝိုင်းတွေကို လိုက်နှုတ်ဆက်ရင်း သူလေးစကားမပြောနိုင်တာကို လိုက်ပြောနေရရင် စိတ်ထဲဝမ်းနည်းလာမှာစိုးလို့ နေခဲ့ဖို့ပြောရတာ။ခုတောင် မျက်နှာလေးက သိပ်မလန်းချင်တော့ဘူး။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024