ကျန့်ငယ်နဲ့ကျွန်တော်တွဲလာတာ ၃လပြည့်ပြီ။ဒီကြားထဲ ဘာပြဿနာမှမရှိပဲ အေးချမ်းနေခဲ့တယ်။တကယ်တွဲကြည့်တော့ ကျန့်ငယ်က တော်တော်ကိုအေးချမ်းတာ..သူကိုယ်တိုင်တင်မက သူ့အနားရှိတဲ့သူတွေကိုပါ သူ့အရှိန်အဝါကြောင့် အေးချမ်းစေတယ်ဆိုတာ ရိပေါ်သိခဲ့ရတယ်။
တွဲနေတဲ့ ၃လအတွင်း ရိပေါ်သဘော ရိပေါ်ဆန္ဒအတိုင်းကလွဲရင် ကျန့်ငယ်ဘက်က ဘာမှကိုမတောင်းဆိုဖူးပါ။
သူ့ကိုနမ်းခဲ့တာလဲ ရုပ်ရှင်ရုံထဲမှာတစ်ခါကလွဲရင် ရိပေါ်လဲ သူ့အပေါ်ဆင်ခြင်ပေးခဲ့သည်။မနမ်းချင်တော့လို့ သူ့ဆီက နူးညံ့မှု့ကို မလိုချင်တော့လို့ မဟုတ်ပဲအပြစ်ကင်းတဲ့ ကလေးလေးကို ကိုယ့်ကြောင့် အရောင်တွေမစွန်းထင်းစေချင်လို့ပါပဲ။
ဖြူစင်လွန်းတဲ့ကလေးလေးကို ကိုယ့်ရဲ့ မရေရာမသေချာတဲ့စိတ်ခံစားမှု့တွေကြား ဘာမျှော်လင့်ချက်မှမပေးချင်လို့လဲပါတာပေါ့။လက်ကိုင်တာ ပခုံးဖက်တာကလွဲရင် သူ့ပါးလေးတောင် မနမ်းဖူးဘူး။
ဒါပေမယ့် သူနဲ့အတူ လူသူကွယ်ရာအရပ်လိုမျိုးမှာရှိနေချိန်တွေဆို ကျွန်တော့်ယောက်ျားဗီဇကတော့ ပြပြလာတတ်တယ်။အဲ့လိုအချိန်တွေဆို ကိုယ့်ကိုယ်ကို အံ့အားသင့်မိတယ်။ယုလီလို မိန်းမလှလေးနဲ့ ရှိနေချိန်တုန်းကတောင် ဒီလို လိုအင်တွေမဖြစ်မိပဲ ကိုယ်နဲ့မျိုးတူတဲ့ ကျန့်ငယ်နဲ့မှစိတ်တွေဖောက်ပြန်နေမိတာကိုပေါ့။
ဒီနေ့တော့ သူလဲ စာမေးပွဲဖြေဖို့ကျောင်းပိတ်ထားလို့ အပြင်ထွက်လည်ဖို့ချိန်းထားသည်။
ကိုယ်က တစ်ချိန်လုံးအားနေပေမယ့် ပေါက်စက ကျောင်းသားဆိုတော့ ခုလို ကျောင်းအားရက်လေးမှ တွေ့ဖြစ်ကျတယ်လေ။သူ့ကျောင်းကိုသွားတွေ့လို့ရပေမယ့် တခါတလေလောက်ပဲ သွားတွေ့ဖြစ်မိသည်။တွေ့လဲ ကန်တင်းထိုင် ခဏစကားပြောပြီး ပြန်လာတာပဲများသည်။သူ့ကို ကျောင်း အကြိုအပို့တော့မလုပ်ပေးဖြစ်ပါဘူး။ဒါက သူ့နယ်ဆိုတော့ သူ့သိက္ခာကိုတော့ အလေးထားရမယ်လေ။
"ကိုကို စောင့်နေတာ ကြာပြီလား?"
သူထိုင်နေတဲ့ ခုံတန်းလေးနားရောက်ပြီး ပေါက်စ အမေးသံလေးကြားမှ အတွေးတွေကရပ်တန့်မိတော့တယ်။တီရှပ်အဖြူရောင်ပွပွလေးနဲ့ဒူးကျဘောင်းဘီအတိုအညိုရောင်အကွက်လေးကိုတွဲဝတ်ထားတဲ့သူလေးက ဒီနေ့တော့အရမ်းကိုချစ်ဖို့ကောင်းနေရောပဲ။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024