နောက်တနေ့ မနက်စောစောထပြီး ဟောက်ရွမ်းကားနဲ့ ၄ယောက်သား မြို့ပြင်ဖက်က အပန်းဖြေစခန်းဆီထွက်ခဲ့ကြသည်။ဟောက်ရွမ်းက ကားမောင်းတော့ ကျိရန်က အရှေ့ခန်းမှာထိုင်စီးသည်။ ရိပေါ်နဲ့ကျန့်ငယ်ကတော့ နောက်မှာပေါ့...။
ကား စစထွက်ချင်းတော့ အပြင်ဘက်ရူခင်းတွေကြည့်နေရင်းကနေ ခဏလောက်လဲကြာရော အိပ်ငိုက်လာတယ် ထင်ရဲ့..ကျန့်ငယ်ခေါင်းကမှန်နဲ့ဆောင့်မိပါရောလေ။ ဆောင့်မိတဲ့ သူနဖူးလေး သူပွတ်ပြီး အရှက်ပြေရယ်ပြလာတာနဲ့...
"ကျန့်ငယ် အိပ်ချင်ရင် ကိုယ့်ပခုံးကိုမှီအိပ်လေ"
"အာ ရပါတယ် ကိုကို့ပခုံးတွေနာနေပါ့မယ် ကျန့်ငယ်က အရမ်းအိပ်ပျော်သွားရင် တအားမှီမိမှာ"
"ရပါတယ် အိပ်ချင်နေတဲ့ဟာကို လာပါ"
ကိုယ့်ပခုံးကို သူ့ဖက်နှိမ့်ပေးရင်း အနားကိုလာဖို့ လက်ကဆွဲခေါ်လိုက်မိတယ်။အဲ့တော့မှ အနားကပ်လာပြီး..
"လေးရင် နှိုးလိုက်နော် ကိုကို"တဲ့။
စထိုင်တည်းက ပေါက်စက ရိပေါ်အနားသိပ်ကပ်မထိုင်ပဲ တံခါးနားပဲကပ်ထိုင်နေခဲ့တာလေ။
သူ့အနားကပ်ထိုင်ရင် သူစိတ်ရှုပ်နေမှာစိုးတယ်ထင်တယ်။တကယ့်ကို ပေါက်စက ကသူ့အတွက်အမြဲတွေးပေးနေတော့တာပါပဲ။သူ့ကိုချစ်တဲ့အချစ်တွေကိုဖွင့်မပြမိသေးတဲ့အတွက်လဲ ပေါက်စလေးကို အလိုလိုအားနာလာမိတယ်။
"အမယ် ကျန့်ကျန့်တို့များ သူ့ကိုကိုကျတော့ အရမ်းတွေကို သိတတ်နေတာနော် အရင်ကဆိုဘယ်သွားသွား ငါ့ပခုံးတစ်ဖက်ပုပ်လောက်အောင် မှီအိပ်တဲ့ကောင်ကများ"
ရှေ့က ကျိရန်ကအမြင်ကတ်တယ်ထင်ပါရဲ့။သူ့ကို နောက်ပြန်လှည့်ပြီး နှိပ်ကွပ်တော့လဲ..
'မင်းက ငါ့သူငယ်ချင်းလေ အားနာစရာမှမလိုတာ'တဲ့။
"အင်! ဒါဆို ကိုယ်ကရော?"
"ဟို ကိုကိုက"
"အင်း ဘာဖြစ်လဲ?"
သူဖြေရခက်နေတဲ့ပုံလေးကို ကြည့်ရင်းစ,ချင်လာတာမို့ သူ့ကိုတမင်ရစ်နေလိုက်မိသည်။သူ ကျွန်တော့်ကို ဘယ်လိုဖြေမလဲ သိချင်မိသလို။သူ အားနာနေတဲ့ပုံလေးကိုလဲ သဘောကျနေမိသည်။သိပါတယ် ကျွန်တော့်ဖက်က ခုထိ *ချစ်တယ်*ဆိုတဲ့စကားမပြောရသေးတော့ ကျန့်ငယ်ဖြေရခက်နေမယ်ဆိုတာ။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024