"ရိပေါ် ပျင်းနေပြီလား"
ကျွန်တော်လဲ သူရောက်တည်းက ခြံထဲမှာ ပိုးသတ်ဆေးဖြန်း အပင်တွေအားဆေးထည့်နဲ့ မအားဖြစ်နေတာနဲ့ ခုမှပဲ ဧည့်သည်ကို ဧည့်ဝတ်ပြုရတော့တယ် အိမ်ရှင်က ဧည့်ဝတ်မကျေဖြစ်နေတာလေ..။
"ရပါတယ်ကွာ မင်းလဲ အားတာမှ မဟုတ်တာ ငါမြင်နေတာပဲဟာ"
"အိမ်မှာနေရတာ ပျင်းရင် ခြံထဲ လိုက်ခဲ့လေကွာ ဟိုမှာကျတော့ မင်း ငါစိုက်ပျိုးပင်တွေလဲကြည့်ပြီး ဈေးကွက်လဲရှာချင် ရှာလို့ရတာပေါ့"
ဟောက်ရွှမ်းတို့ပိုင်တာ သီးနှံစိုက်ပျိုးရေးခြံတွေဆိုတော့ ခြံထဲကိုအဝယ်တော်တွေလာပြီး ဈေးဖြတ်ဝယ်တတ်တယ်။ ဒါကြောင့် ဒီကောင့်လို ကုမ္ပဏီသူဌေးသားက လိုက်လေ့လာလို့ရအောင် ခေါ်မိတာပါ။အိမ်မှာကလဲ ဘာမှလုပ်စရာမရှိတော့ သူလဲပျင်းနေမှာ ကိုယ်ကလဲ မအားတာနဲ့ မြို့ထဲလိုက်မပို့ဖြစ်တော့...
ဟောက်ရွှမ်းတို့ အိမ်က စိုက်ပျိုးရေးခြံတွေနဲ့နီးပြီး မြို့ပြင်ဖက်လောက်ကျတော့ မြို့ထဲလို သိပ်တော့မစည်ကား..။
"အေး လိုက်မယ်"
ပြောပြီး အိမ်ပေါ်တက် အဝတ်တက်လဲတဲ့ ရိပေါ်ကို ကြည့်ရင်း ဒီကောင်အသဲကွဲ ဝေဒနာကိုအမြန်ကုစားနိုင်ပါစေလို့ ဆုတောင်းမိတယ်။ကျွန်တော်ကိုယ်တိုင်ချစ်သူရည်းစားမထားဖူးပေမယ့် သူများတွေအဆင်မပြေ အသဲကွဲနေတာမြင်ရတော့လဲ စိတ်မကောင်းတော့ဖြစ်မိတယ်။ဒါကြောင့် ကိုယ်သာ တကယ်တမ်းရည်းစားထားဖြစ်ရင်တော့ တွေးထားတယ် တကယ်ချစ်ပြီး တစ်သက်လုံးလက်တွဲနိုင်မယ့်သူကိုပဲ 'ချစ်တယ်'ဆိုတဲ့ စကားပြောမယ်လို့..တစ်ဖက်ကသူရဲ့အခြေနေကိုလဲ ကြည့်ရဦးမှာပေါ့။ဘဝတစ်ခုလုံးအတွက် လက်တွဲဖော်ဆိုတာက ကိုယ်တစ်ဖက်ထဲ ချစ်နေရုံနဲ့မှ မဖြစ်နိုင်တာ။
"သွားမယ်လေ ဟောက်ရွမ်း"
ဘယ်လောက်အတွေးလွန်နေတယ် မသိ ဝမ်ရိပေါ်အနားရောက်လာပြီး သွားမယ်ပြောမှ သတိထားမိတော့တယ်..။
"အော် အေး"
အိမ်ပြင်ထွက်လာရင်း..
"ဟောက်ရွမ်း ဘာနဲ့သွားမှာလဲ"
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024