ရေချိုးခန်းထဲက ထွက်လာတော့ ကုတင်ပေါ်ပုံ့ပုံ့လေးထိုင်နေတဲ့သူဆီလျှောက်သွားရင်း...
"ကလေး ထမင်းစားပြီးပြီလား နေကောင်းရဲ့လား"
ခေါင်းလေးညိမ့်ပြလာတာမို့...
"ကိုကို ထမင်းဆင်းစားလိုက်ဦးမယ် ပြီးမှ အတူအိပ်ကျမယ်နော် ကလေးက ခဏလေးစောင့်နေပေး"
ခေါင်းအသာညိမ့်ပြလာတာမို့ ရေသုတ် အကျီအမြန်ဝတ်ပြီး ဒီနေ့ ကျန့်ငယ်အကြောင်းမေးဖို့ အိမ်တော်ထိန်းရှိတဲ့ အောက်ထပ်ကိုသာဆင်းလာခဲ့တယ်။
"အိမ်တော်ထိန်းကြီး ကျန့်ငယ် ထမင်းစားပြီးပြီလား"
"ညနေက သိပ်မစားချင်လို့ဆိုပြီး စွပ်ပြုတ်ပဲသောက်တယ် သခင်လေး"
"နေမကောင်းတာလား နာ့စ်က ဘာပြောသေးလဲ?"
"ကျန့်ကျန့်လေး နာ့စ်က နေ့ခင်းတည်းက နေမကောင်းလို့ဆိုပြီး အခန်းထဲကထွက်မလာဘူး သခင်လေး"
"ဟမ်! ဒါဆိုလဲ ကျွန်တော် သွားမေးလိုက်မယ် ထမင်းပွဲပြင်ထားခိုင်းလိုက်"
ကိုကိုက အောက်ဆင်းပြီး ထမင်းသွားစားတာမို့ ထိုင်ပြီးအတွေးလွန်နေရာကနေ ကိုကို့နောက် ထလိုက်လာမိတယ်။အခန်းထဲပဲ ထိုင်နေခဲ့ရင် ကောင်းသား...
ကိုကိုက ကျဲအခန်းထဲကထွက်လာတာကို လှေကားကအဆင်းမှာတွေ့လိုက်တာမို့ ဆက်မဆင်းတော့ပဲ အပေါ်ပဲ ပြန်တက်လာလိုက်တော့တယ်။
'တကယ်ပဲ.. တကယ်ပဲလား ကိုကိုရယ် မဟုတ်လောက်ပါဘူးနော် ကျန့်ငယ်ကို ကိုကို ဒီလိုလုပ်မှာ မဟုတ်ပါဘူးနော် ကိုကိုက ကျန့်ငယ်ကို အရမ်းချစ်တာဆို ဒါပေမယ့် ကိုကိုက အရင်ကတွဲခဲ့တာလဲ မိန်းကလေးပဲလေ ကျန့်ငယ်ကိုတောင် အတွေ့ကြုံသစ်ရှာချင်လို့တွဲခဲ့တာဆိုတော့ ခုချိန်မှာ ကိုကိုက ကျန့်ငယ်ကိုရိုးသွားပြီလား မတွေးတတ်တော့ဘူး ခုချိန် စိတ်တွေတအားပင်ပန်းပြီး ငိုချင်တာပဲ သိတော့တယ် ကိုကိုရယ် ကျန့်ငယ်ကို မချစ်တော့ဘူးဆိုရင်လဲ ဖွင့်ပြောပါ အနားမှာနေပြီး စိတ်ဆင်းရဲရမှာထက် အဝေးကမျှော်ကြည့်ရင်းပဲ ဆက်ချစ်နေပါရစေတော့'
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024