ဒီနေ့တော့ သူတစ်ယောက်ထဲဆိုင်ကယ်စီးရင်း အနီးအနားကိုလျှောက်ကြည့်နေမိသည်..။ဟောက်ရွှမ်းက သူ့အလုပ်နဲ့သူမို့ မခေါ်နေတော့..
"ဒုန်း"
"တိုက်မိပြီကွ"
ဘေးကလူတွေ အော်တော့မှ ကိုယ့်ဆိုင်ကယ်နဲ့ ကောင်လေးတစ်ယောက်ကို ပွတ်ဆွဲမိသလိုဖြစ်သွားမှန်းသိတော့တယ်။ အငေးလွန် အတွေးလွန်ရင်း ရှေ့က လမ်းဖြတ်ကူးတဲ့သူကို သတိတစ်ချက်လွတ်သွားမိတာ..။
"ကောင်လေး ထနိုင်ရဲ့လား? Sorry ပါကွာ ကိုယ် အငေးလွန်သွားမိတယ်"
ကျောင်းသားလေးထင်ပါရဲ့ လွယ်အိတ်လေးနဲ့ မုန့်ထုတ်လေးကိုင်လို့ ကိုယ်ကအပြစ်ရှိသူဆိုတော့ ဘာဖြစ်သွားလဲမေးရသည် ထိခိုက်မိသွားရင်လဲ ဆေးရုံဆေးခန်းပြပေးလို့ရအောင်ပါ..။
"ဟုတ် ရပါတယ် ကျန့်ကျန့်ကလဲအလျင်စလို ကူးလိုက်မိလို့ပါ"
ခုမှ သေချာကြည့်မိတယ် ကောင်လေးက ဖြူဖြူသွယ်သွယ်နဲ့ ရုပ်ကလေးကလဲချစ်စရာလေး ရှေ့သွားကြီးကြီးလေး၂ချောင်းနဲ့ နှုတ်ခမ်းအောက်နားမှာလဲ မှဲ့လေးတစ်လုံး..တဆိတ် နှုတ်ခမ်းအောက်နားမှာ မှဲ့ပါတဲ့သူတွေက သူ့မှဲ့လေးလိုဆွဲဆောင်မှု့ရှိလားမသိပေမယ့် သူ့မှဲ့လေးကတော့ ကျွန်တော်အကြည့်မခွာချင်လောက်အောင်ဆွဲဆောင်မှု့ရှိနေတာတော့ ငြင်းမရခဲ့တာအမှန်ပဲ..။
"ထ ကြည့်ပါလား ဘာဖြစ်သွားလဲသိရအောင်"
တော်သေးတာက တိုက်မိတဲ့နေရာက လူရှင်း ကားရှင်းတဲ့နေရာဖြစ်နေလို့ မဟုတ်ရင် လူတွေ ရဲတွေနဲ့ရှင်းရခက်နေဦးမှာ..။
ပြောလိုက်တော့ သူ့မုန့်ထုတ်လေးကောက် လွယ်အိတ်လေးလွယ်ပြီး ထကြည့်သည်။
"အ..
ခြေထောက်ထိသွားတယ် ထင်တယ်""ကိုယ် ဆေးရုံလိုက်ပို့ပေးမယ်နော်"
ပြောလိုက်တော့ မျက်လုံးရွဲကြီးတွေနဲ့မော့ကြည့်လာတဲ့ကောင်လေး အိုး!!ကောင်လေးက မျက်လုံးလေးတွေလဲ တော်တော်လှတာပဲ..။
"အာ ရပါတယ် ခြေထောက်ကခေါက်သွားတာဖြစ်မယ်"
"ဘာပဲဖြစ်ဖြစ်ပါ မင်း ခုတော့ ထောက်မရဘူးမလား ကိုယ်ပြောတာနားထောင်လိုက်ပါ"
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024