ABM -15

589 12 1
                                    

အပြင်ရောက်တော့ ဟောက်ရွမ်းတို့ကိုတွေ့တာနဲ့လက်လှမ်းပြလိုက်တော့..

"ကျန့်ကျန့်ရော"

ကျိရန်ကလှမ်းမေးနေပြီမို့..

"မနေ့က ရေကူးထားတာရော ညကအအေးခံတာပါ များသွားလို့ထင်တယ် ကိုယ်နည်းနည်းပူနေလို့ သိပ်ထားခဲ့တယ်"

ဟောက်ရွမ်းကတော့ 'ငါသိတယ်နော်'ဆိုတဲ့ ရုပ်တည်ကြီးနဲ့ကြည့်နေတာကြောင့် ကိုယ်လဲ လိမ်လက်စနဲ့ အဆုံးထိလိမ်မယ်ဆိုပြီး အားတင်းလိုက်ကာ ခုလဲ ဆေးသွားဝယ်မလို့ထွက်လာတာလို့ ဆက်ပြောရတော့တယ်။ကျိရန်ကလဲ ....

"ဟုတ်တယ် ကျန့်ကျန့်က အအေးဒဏ် သိပ်မခံနိုင်ဘူး ဘာမဟုတ်တာလေးနဲ့လဲ ဖျားချင်ဖျားတတတ်တာ ဂရုစိုက်ပေးပါနော် ရိပေါ်ကော"

ကျိရန်က ညကအခြေနေကြောင့် ကျွန်တော်ကိုဆက်ဆံတာနည်းနည်းပြေပြေပြစ်ပြစ်ရှိလာတယ်။မဟုတ်ရင် သူက ကိုယ့်‌တောင်စကားသိပ်ပြောတာ မဟုတ်ဘူး။ရုပ်တည်ကြီးနဲ့ သူ့ဟာသူနေတဲ့ဟာလေး။

"မင်းတို့က ဘယ်သွားကျမလို့လဲ"

သူတို့နှစ်ယောက်ပုံက တနေရာရာသွားမယ့်ပုံပြင်ဆင်ထားတာမို့ မေးကြည့်လိုက်တော့...

"ဟိုးဖက်နားက ကျွန်းတွေကလှတယ်ဆိုလို့သွားကြည့်မလို့ မင်းတို့ထွက်လာတာကိုစောင့်နေတာ"

"အော် သွားကျလေ ငါတို့မလိုက်တော့ဘူး ကျန့်ငယ်ကို အစာကျွေးဆေးတိုက်ပြီး နားခိုင်းလိုက်တော့မယ်"

"အေးပါ ဒါဆို ငါတို့သွားတော့မယ်"

"အေး"

ကျိရန်အရှေ့ကထွက်သွားမှ ဟောက်ရွမ်းက အနားကပ်လာပြီး...

"ဘယ်လိုလဲ ညက ငါပေးတာတွေ အသုံးဝင်တယ်မလား "

"အေး ကျေးဇူးတင်တယ် သူငယ်ချင်းရာ"

"အဆင်ပြေရင်ပြီးတာပါပဲကွာ ကလေးကိုဂရုစိုက်လိုက်ဦး သွားပြီသူငယ်ချင်း"

"အေး အေး"

သူတို့ထွက်သွားတာကြည့်ရင်း ကလေးအတွက် သောက်ဆေးနဲ့လိမ်း‌ဆေးဝယ်ဖို့ ခြေလှမ်းလိုက်မိတယ်။

As Blind as A Mole (Complete)Where stories live. Discover now