"ဟို ကျန့်ကျန့်ကို ဒီအိမ်မှာနေပြီး အကို့ကိုပြုစုခွင့်ပေးပါလားဟင်"
ရှောင်းကျန့်ပြောတဲ့ စကားကြားတော့ ကိုကိုကမော့ကြည့်လာတယ်။မျက်နှာမှာလဲ အံ့ဩမှု့တွေနဲ့ ကိုကို့မားနဲ့ပါးကတော့ ခေါင်းတညိမ့်ညိမ့်နဲ့ ပြုံးလို့ကြည့်ကာ..
"ဘာလို့လဲလို့ မား မေးလို့ရမလား? သားလေး"
"ကျန့်ကျန့်တို့မြို့ကို အကိုလာလည်တုန်းက ကျန့်ကျန့်တို့အရမ်းခင်ခဲ့ကျပါတယ် ဒါကြောင့် ကိုယ့်မိတ်ဆွေတစ်ယောက် ဒုက္ခရောက်နေချိန်မှာ ကျန့်ကျန့် တတ်နိုင်သလောက်ကူညီချင်တဲ့ သဘောပါ"
"သားလေး အိမ်ဖက်ကရော အဆင်ပြေရဲ့လား မားရဲ့သားက ဘယ်ချိန်မှပြန်ကောင်းမယ်ဆိုတာသေချာသိတာ မဟုတ်တော့ သားဖက်ကိုလဲ မားက ထည့်တွေးပေးတာပါ"
"ဟုတ် ကျန့်ကျန့်မားကိုလဲ ပြောပြထားပါတယ် မားကလဲနေခွင့်ပြုပါတယ်"
ဒီအချက်ကတော့ ရှောင်းကျန့် လိမ်လိုက်မိတာပါ မဟုတ်ရင် ကိုကို့နားနေခွင့်ရမှာမဟုတ်ဘူးလေ။
"ဒါဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ သားလေးရယ် မားတို့ကဝမ်းသာအားရကို လက်ခံပါတယ်"
"ဟုတ် ကျေးဇူးတင်ပါတယ် ခင်ဗျ"
"မဟုတ်တာ မားတို့ကသာ ကျေးဇူးတင်ရမှာ သားအကိုက ဆေးရုံမှာကျတော့လဲ နာ့စ်တွေလုပ်ပေးတာကို စိတ်တိုင်းမကျဘူးလေ သူ့ရည်းစားကျပြန်တော့လဲ လက်မှမထပ်ရသေးတာ မားတို့ကဘယ်လိုမှအိမ်ခေါ်ထားပြီး ပြုစုခိုင်းလို့မရဘူးလေ အိမ်မှာရှိတဲ့အကူတွေကိုလဲ သူကအရင်ထဲက ရှိတယ်သဘောထားတဲ့သူမဟုတ်ဘူးလေတော့ မားမှာ အဲ့ကိစ္စအတွက်ပူပင်နေရတာ ခုလဲ မားပဲ သူ့ကိစ္စတွေလိုက်လုပ်ပေးနေရတာ သားအမြင်ပဲလေ သားလေးကပါကူပေးမယ်ဆိုတော့ မားအတွက် အဖော်တောင်ရသေးတာဆိုတော့ မားတို့အတွက် အတိုင်းအထက်အလွန်ပဲပေါ့ကွယ် အဲ့ဒါကြောင့် မားတို့ကပဲပြန်ပြီး ကျေးဇူးတင်ပါတယ်"
ကိုကို့မားက အရှည်ကြီးရှင်းပြပြီး ဝမ်းပန်းတသာကြိုဆိုတော့မှ ရှောင်းကျန့်ရင်ထဲက အလုံးကြီးကျသွားတော့တယ်။လက်များမခံရင်ဆိုပြီး ညတည်းက မနက်ကျ ဘယ်လိုလက်ခံအောင်ပြောရမလဲဆိုပြီး စဉ်းစားနေတာ အိပ်တောင်မအိပ်လိုက်ရဘူးရယ်။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024