ကိုကို့အိမ်မှာနေပြီး ပြုစုပေးနေတာ ကိုကို့ခြေထောက်တွေလဲတော်တော်သက်သာလာပြီ။ မားကိုလဲ ဖုန်းဆက်ပြီး နေရတာအဆင်ပြေကြောင်း သင်တန်းက လပိုင်းလောက်ကြာမှာမို့ မကြာခင်ပြန်လာမယ်ဆိုတဲ့အကြောင်းပြောထားရတယ်။
အချိန်တန်ရင်တော့ အိမ်ပြန်ရမှာပဲပေါ့။အချိန်တစ်လကျော်သာကြာသွားတယ် ကိုကိုက ကျန့်ကျန့်ကို မှတ်မိတဲ့အရိပ်အယောင်တောင်ပြမလာဘူးလေ။ကိုကိုက နေပြန်ကောင်းရင် ယုလီကျဲကျဲနဲ့လက်ထပ်ဖို့စီစဉ်တော့မယ်လို့ ဟိုရက်က သူ့ပါးနဲ့မားကိုပြောနေတာ ကြားလိုက်ရတယ်။
flash back..
ဒီနေ့နောက်ကျမှနိုးလို့ အမြန်မျက်နှာသစ်ရေမိုးချိုးပြီးအောက်ဆင်းလာခဲ့လိုက်တော့ မနက်စာစားဝိုင်းမှာ ကိုကိုနဲ့ ကိုကို့ပါးကစကားပြောနေတာမို့ ခဏလောက်အခန်းဝမှာရပ်နေလိုက်တယ်။ကိုယ်ကသူစိမ်းလေ သူတို့မိသားစုချင်းပြောချင်တာလဲရှိမယ်ဆိုတာ နားလည်လို့ဝင်မသွားသေးပဲ ရပ်နေလိုက်မိတာ။
"သား ခြေထောက်တွေက တော်တော်သက်သာလာပြီနော်"
"ဟုတ်တယ် ပါး သိပ်မကြာခင် ကျွန်တော်အလုပ်ပြန်လုပ်နိုင်တော့မှာ"
"အဲ့ဒါ သားကျန့်ကျန့်လေး ကျေးဇူးကြောင့်လေ သူလေးက သားကိုလုပ်ပေးတာ တကယ်စေတနာပါတာ သူစိမ်းတစ်ယောက်ဖြစ်ပြီးတော့ အဲ့လောက် ကိုယ်ရောစိတ်ပါပြုစုပေးနိုင်တာ မားတော့ တကယ်ချီးကျူးမိတယ်"
"အဲ့ဒါတော့ ဟုတ်တယ်နော် ကျန့်ကျန့်လေးက စိတ်ရင်းတော်တော်ကောင်းတဲ့ကလေး ဘာမှမသက်ဆိုင်ပဲနဲ့ သားအပေါ်တော်တော်ခင်တွယ်ရှာတယ်"
သက်ဆိုင်တာပေါ့ ပါးရယ် ကိုကိုက ကျန့်ကျန့်အသက်ထက်ပိုချစ်ရတဲ့သူပဲဟာ။ဒါပေမယ့် ခု ကျန့်ကျန့် လုပ်ပေးနေတဲ့အရာတွေက ဘာမျှော်လင့်ချက်မှမရှိပဲ ကိုကို့ကို ပြန်ကောင်းစေချင်တဲ့ စေတနာပဲရှိပါတယ်။
"အလုပ်လာဖို့ကတော့ သိပ်မလောပါနဲ့ကွာ ခုလဲ သားက အိမ်မှာနေရင်း ပါးကိုကူညီနေတာပဲ ဒါနဲ့ ရှင်းယုလီနဲ့သားက ပြန်အဆင်ပြေသွားတာလား"
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024