ABM -16

759 21 1
                                    

လေယာဉ်ကိုဆေးရုံခေါင်းမိုးပေါ်ပဲဆင်းခိုင်းလိုက်ပြီး ပါးရှိရာ VIP အခန်းဆီကိုခေါင်းမိုးထပ်ကနေပဲဆင်းလာလိုက်တော့တယ်။

"မား ပါးကဘယ်လိုဖြစ်တာလဲ?"

"သား ရောက်ပြီလား! ခုတလော အလုပ်တွေပိပြီး အအိပ်အစားမမှန်‌တော့ မူးလဲသွားတာလို့ ဒေါက်တာကပြောတာပဲ သားရယ်"

ပါးက Wang group ပိုင်တဲ့ဆေးရုံမှာပဲတက်နေတာဆိုတော့ ဆရာဝန်တွေက အရမ်းကိုဂရုစိုက်ကျတယ်။

"သား တောင်းပန်ပါတယ် မားနဲ့ပါးကိုလျစ်လျူရှု့ပြီး သားပျော်ရာကို လုပ်နေမိခဲ့လို့ ပါးကခုလိုဖြစ်ရတာ"

"မဟုတ်တာပဲ သားရယ်"

မားက ဖြေသိမ့်စကားတစ်ခွန်းသာပြောပြီး ပါးကုတင်ဖက်ကို ပြန်လှည့်ကာ ပါးလက်တွေကို ဆုတ်ကိုင်လို့ ဖွဖွလေးနှိပ်ပေးကာ ငြိမ်သက်နေတယ်။

တကယ်ဆို ပါးက ကျွန်တော်ကျောင်းပြီးစတည်းက လုပ်ငန်းတွေကို ကျွန်တော့်လက်ထဲလွှဲဖို့လုပ်နေခဲ့တာ။ကျွန်တော်ကသာ အချိန်တွေဆွဲပြီး ရှင်းယုလီနဲ့လက်ထပ်ပြီးမှသာ ဆက်ခံမယ်လို့ပြောထားတော့ ပါးကဆက်ဦးစီးနေရတာ။ဒီကြားထဲ ပြဿနာတွေဖြစ် စိတ်လေပြီးထွက်သွားခဲ့တော့လဲ ပါးနဲ့မားက ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပေးခဲ့ကျတာပါပဲ။ကိုယ့်စိတ်ပျော်ရာသာနေခဲ့ပြီး မိဘတွေဖက်ငဲ့ကြည့်မပေးခဲ့မိတဲ့ ကိုယ့် ကိုယ်ကိုသာ ဝမ်ရိပေါ် အပြစ်တွေ အထပ်ထပ်သာတင်နေမိသည်။

'ခုချိန်က စ,ပြီး အလုပ်တာဝန်တွေကို ပါးဖြစ်စေချင်သလို ကျွန်တော် ပခုံးပြောင်းယူပါတော့မယ်'

ပါးရဲ့ လွတ်နေတဲ့ လက်တစ်ဖက်ကို ဆုတ်ကိုင်ရင်း ကျွန်တော်စိတ်ထဲကပဲ ကတိပြုလိုက်မိတယ်။

ပြန်ရောက်ရောက်ချင်းပဲ အလုပ်‌တွေအကုန်လွှဲယူရတယ်။ ပါး ခန့်ထားတဲ့ အတွင်းရေးမှုးက အစတည်းက ကိုယ်နဲ့တွဲလုပ်ဖူးပြီး ပါး နားနေခဲ့တာလဲနှစ်တွေလဲကြာပြီဆိုတော့ သူ့အကူညီနဲ့ပဲ အလုပ်လုပ်ရတာ အစစအဆင်ပြေလို့ တော်ပါသေးရဲ့။မဟုတ်ရင် ရှယ်ယာရှင်တွေနဲ့ဆက်ခံသူကိစ္စစကားပြောတဲ့အခါ အတိုက်အခိုက်တွေက တော်တော်များမှာ။

As Blind as A Mole (Complete)Where stories live. Discover now