ရုပ်ရှင်ကြည့်ဖို့ မနက်စာစားပြီး ကျန့်ငယ်ဆီထွက်လာလိုက်တယ်။ ဒီချိန်ဆို ပေါက်စလေးလဲပြင်ဆင်ပြီးလောက်ပြီပေါ့။
ခြံရှေ့ရောက်လို့ ဆိုင်ကယ်ဟွန်းတီးလိုက်တော့ထွက်လာပါပြီ Hoodie အဝါဖျော့လေးနဲ့ဂျင်းပန်အပြာရင့်လေးနဲ့ယုန်ဖြူလုံးလေး။ သူကလဲ အောက်ခံ T-shirt အဖြူကိုမှ အပေါ်ကရှပ်အဝါနုလေးထပ်ပြီး ဂျင်းပန်နက်ပြာဝတ်လာမိတော့ သူနဲ့ကိုယ်က couple ဝတ်ထားသလိုဖြစ်နေတယ်လေ။ပေါက်စကလဲ ဒါကိုသတိထားမိတယ်ထင်တယ်။
"ကိုကိုနဲ့ကျန့်ငယ်က စိတ်ချင်းဆက်နေတယ် ထင်တယ်" တဲ့လေ။
ရိပေါ်ကတော့ ပြုံးပြရင်းပဲ ဆိုင်ကယ်ဦးထုပ်ဆောင်းပေးပြီး ရုပ်ရှင်ရုံကိုသာမောင်းလာမိသည်။ရုံထဲရောက်တော့လဲ dramaနဲ့အချစ်ကားပဲရှိလို့ drama ကြည့်ဖို့ပဲရွေးလိုက်မိတယ်။သူနဲ့အတူ အချစ်ကားကြည့်ဖို့တော့ ကျွန်တော်ဘာလို့တွေဝေနေမိသလဲ မသိ။ယုလီကိုတောင် ချစ်သူသက်တမ်း၅နှစ်အတွင်း ပခုံးဖက် လက်ကိုင် အဆုံးစွန်ထိ ပါးလေးလောက်ပဲနမ်းဖူးတာလေ။တဏှာတွေကုန်ခမ်းနေလို့တော့ မဟုတ်ပေမယ့် ကိုယ်ချစ်ရသူကို တန်ဖိုးထားပြီး တနေ့သူ့ကိုလက်ထပ်ပြီးပိုင်ဆိုင်ရမှ သူ့ခန္ဓာကိုယ်ကိုယူမယ်လို့ ဆုံးဖြတ်ထားတာမို့ အမြဲစောင့်ထိန်းလို့ရခဲ့တာလို့ပဲ တွေးထားတာ။
ခု ကျန့်ငယ်ကျတော့ သူ့အနားရောက်ရင် သူ့ကိုယ်သင်းနံ့လေးရူမိရင်တောင် ကျွန်တော့်ရင်ခုန်သံတွေ ကမောက်ကမဖြစ်နေတာ အချစ်ကားသာ အမှောင်ထဲ သူနဲ့အတူကြည့်မိရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကိုယ့်ကိုယ်ကိုတောင် အာမ မခံနိုင်ဘူး။ ဆိုင်ကယ်စီးလို့ သူနောက်က ကိုယ့်ခါးကိုဖက်ထားရင်တောင် သူ့ရင်ဘတ်နဲ့ ကိုယ့်ကျောထိနေတဲ့နေရာက ကြက်သီးမွှေးညင်းတွေထလာတတ်တာ ဘယ်လိုခံစားချက်လဲတော့ မပြောပြတတ်။
တကယ်တော့ ကျန့်ငယ်ကို ချစ်နေရဲ့သားနဲ့ ကျွန်တော်ဟာ ကိုယ်တိုင်လိမ်ညာနေမိတဲ့ ကိုယ့်စိတ်ကို အဲ့အချိန်က သေချာမစမ်းစစ်မိခဲ့ပဲ ဘဝမှာ အမှားကြီးမှားခဲ့မိတာ။
လက်မှတ်ဝယ်ပြီး သူစားချင်တဲ့ မုန့်တွေဝယ်ပြီး ရုပ်ရှင်အတူကြည့်မိကျတော့ ရုပ်ရှင်ကြည့်နေတဲ့ ပေါက်စကိုဘေးကနေငေးရတာလဲ ဖီလင်တမျိုးပါပဲ။မုန့်လေးစားလိုက် အအေးလေးသောက်လိုက်နဲ့သူကတော့ ဇိမ်ကိုကျနေရော..ကျွန်တော့်မှာသာ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်နေမှန်းမသိတဲ့ ခံစားချက်ကြီးနဲ့ သူ့ကိုခဏခဏခိုးကြည့်နေမိတော့တာ။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024