ဘာဖြစ်တာလဲ စကားတွေပြောလိုက်ပေမယ့် အသံကထွက်မလာတော့ဘူး။
"အာ အာ အွန်း!!"
ကိုယ့်ပါးစပ်ကိုယ် လက်ညိုးထိုးပြီးလက်ဟန်ခြေဟန်တွေ လုပ်ပြမိတယ်။ကျဲတို့ကလဲ စိုးရိမ်တကြီး ကြည့်နေရင်းက ဘဘကြီးက သတိဝင်လာပြီး..
"ဒေါက်တာ! ဒေါက်တာခေါ်လေ ကလေးက ဘာဖြစ်တာလဲ! ဒေါက်တာ ခေါ်ကြပါဟ"
ဘဘကြီးရဲ့ စိုးရိမ်တကြီးအော်သံကြားမှ ကျန်းချန်ကောက အပြေးအလွှား ဆရာဝန်သွားခေါ်ရှာတယ်။
ဆရာဝန်ရောက်လို့ လိုအပ်တာအကုန်စစ်ဆေးပြီးကာမှ..
"လူနာက အရိုက်ခံလိုက်ရတဲ့ ဒဏ်တွေရယ် ကိုယ်ဝန်ဆောင်ထားချိန်ဆိုတော့ အားနည်းနေတဲ့အချိန်မှာ ဖြစ်သွားခဲ့တဲ့အဖြစ်ပျက်တွေရယ်ကြောင့် ကြောက်လန့်မှု့ပြင်းထန်လွန်းတာကြောင့်စကားပြောနိုင်တဲ့ အာရုံကြောတွေ ထိခိုက်မိသွားပြီး ခေတ္တအလုပ်မလုပ်တော့တဲ့ သဘောပါ"
"ဒေါက်တာ ကျွန်မသားလေး စကားပြန်ပြောလာနိုင်ပါ့မလား ရှင်"
"အင်း ခုချိန်မှာ လူနာအတွက် အကောင်းဆုံးအကြံပေးချင်တာတော့ စိတ်ကြောင့်ဖြစ်တာမို့ စိတ်ချမ်းသာအောင် အဓိကထားတာ သူ့အတွက်အကောင်းဆုံးနည်းလမ်းပါ ကိုယ်ဝန်လဲဆောင်ထားရတော့ အားနည်းနေချိန် စိတ်ခံစားမှု့အမြင့်ဆုံးကိုခံစားလိုက်ရတာမို့ ဒီလိုဖြစ်သွားတာပါ တော်သေးတာက ကိုယ်ဝန်ကဘာမှသိပ်မထိခိုက်သွားတာပဲ ကံကောင်းတယ်လို့ပြောရမယ် ဒါပေမယ့်အနည်းငယ်လောက်တော့ ထိခိုက်ထားပြီး လလဲနုသေးတော့သေချာလေးဂရုစိုက်ပေးစေချင်ပါတယ် ပြင်ပဒဏ်ရာတွေကတော့ သိပ်မကြာခင်သက်သာသွားမှာပါ"
ဆရာဝန်လဲထွက်သွားရော မားက ကျန့်ကျန့်အနားကပ်လာပြီး လက်လေးဆွဲယူကာ...
"တောင်းပန်ပါတယ်..မား တောင်းပန်ပါတယ် သားလေးရယ် သားလေးခက်ခဲနေချိန်မှာ မားက သားဖက်က မရပ်တည်ပေးခဲ့မိလို့ သားလေးခုလိုဖြစ်ရတာ မားက တကယ့်ကို မကောင်းတဲ့မိန်းမကြီးပါ အင့် ဟင့် ဟင့်!"
မားကပြောရင်း မျက်ရည်တွေစီးကျလာတယ်။ကျန့်ကျန့်လဲ မားနဲ့အတူရောငိုမိတော့တယ်။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024