ABM -20

550 14 0
                                    

ကိုကို့စကားတွေကြားပြီး အထိတ်တလန့်မော့ကြည့်လိုက်မိတယ်။တကယ်က အဲ့လိုမျိုးပြောလိုက်ရင် ကိုကိုများ အတိတ်တချို့ပြန်သတိရလာမလားလို့ဆိုတဲ့အတွေးနဲ့ပါ။ခုတော့ သွားပြီ ကိုကိုက ကျန့်ကျန့်ကို ယောက်ျားချင်းတောင်မရှောင် တဲ့ကောင်ဆိုပြီး ရွံသွားပြီထင်ပါတယ်။ကိုကို့စကားတွေကြောင့် ကြောင်ပြီးပဲငေးကြည့်နေလိုက်မိပြီးမှ ထင်ရက်လေခြင်းဆိုတဲ့ဝမ်းနည်းစိတ်ကြောင့်မျက်ဝန်းထဲက မျက်ရည်တွေက အလိုလိုစီးကျလာတာကြောင့် အိမ်ထဲကိုပဲပြေးဝင်လာခဲ့မိတော့သည်။

'ကိုကို့ရဲ့ အထင်မြင်လွဲမှားမှု့တွေကို ကျန့်ကျန့်ဘယ်လိုမှပြောင်းမပေးနိုင်တော့ဘူး ထင်ပါတယ်'

ပါးစပ်ကလွှတ်ခနဲထွက်သွားပြီးမှ မှားသွားပြီမှန်းတွေးမိလိုက်တဲ့အခါ ရပ်ဖို့ကမမှီတော့ဘူး။အဲ့‌လောက်ထိပြောဖို့မရည်ရွယ်ခဲ့ဘဲ နှုတ်ကထွက်သွားခဲ့ပြီ။ကောင်လေးက မျက်ရည်တွေကျရင်း အနားကပြေးထွက်သွားတာမို့ ကိုယ့် ကိုယ်ကို ဒေါသလဲဖြစ်ရတယ်။

"ဟာကွာ!! ကိုယ်ပြောချင်တာက အဲ့လိုအဓိပ္ပာယ်မဟုတ်ပါဘူး ကလေးလေးရာ"

ကိုယ့်ကိုယ်ကို ဒေါသထွက်ရင်း ခုံကိုသာလက်သီးနဲ့ ဆက်တိုက်ထိုးလိုက်မိတယ်။ကိုယ်က သူအရမ်းခံစားနေရတာမြင်လိုက်တော့ သူ့ရည်းစားဆိုတဲ့သူကိုအပြစ်တင်တဲ့ သဘောမျိုးပြောလိုက်တာ‌ဆိုပေမယ့် ခု သူနားလည်သွားတာက သူ့ကယောက်ျားချင်းကြိုက်တဲ့သူမို့ ကျွန်တော်ကရွံသွားတယ်လို့ ထင်သွားတာနေမှာ အသေအချာပဲ။

"သခင်လေး အပြင်မှာအရမ်းအေးနေပြီ မအိပ်သေးဘူးလား ဗျ"

ကိုယ့်ဘာသာအပြစ်တင်ရင်း ထိုင်နေမိတာ တော်တော်ကြာသွားတယ်ထင်တယ် ခြံစောင့်ကောင်လေးရောက်လာပြီးမေးမှ သတိပြန်ဝင်လာကာ..

"အော် အေး ငါ့ကို အပေါ်ထပ်လိုက်ပို့ပေး"

"ဟုတ်ကဲ့ သခင်လေး"

ခုနကသာ ကိုကို့နားဆက်နေရင် ကိုကိုဒေါသထွက်မှာစိုးလို့ ထလာခဲ့မိတာ အခန်းထဲရောက်ပြီးတော့လဲ ဝမ်းနည်းစိတ်က ဖြေမရတာမို့ အချိန်ကြာကြာငိုမိပြီးခါမှ ကိုကိုအပြင်မှာတစ်ယောက်ထဲကျန်ခဲ့တာ သတိရလို့ ထွက်ခေါ်ဖို့ပြင်လိုက်တော့ ခြံစောင့်ကောင်လေးက ကိုကို့ကို အပေါ်ထပ်လိုက်ပို့နေတာ တွေ့လိုက်ရတယ်။အခန်းထဲပဲ ပြန်ဝင်နေလိုက်ပြီး မနက်ကျရင် ကိုကိုနဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲပဲ တွေးနေရတော့သည်။

As Blind as A Mole (Complete)Where stories live. Discover now