"ကျိရန် ညနေက ဘာလို့ရေဆင်းမကူးတာလဲ မင်းပြောတော့ ရေထဲကတောင်မတက်ပဲ ကူးမှာဆို"
"ဟို အဲ့ဒါကလေ ငါ ..ငါ အိပ်ပျော်သွားလို့ပါကွာ"
စကားတွေ အထစ်ထစ်အငေါ့ငေါ့နဲ့သူကို မယုံကြည်သလို ကြည့်ပေးလိုက်တော့ မျက်လုံးချင်းမဆုံပဲ ရှောင်ဖယ်သွားသည်။
"ကျိရန် ငါ့မျက်လုံးကိုကြည့်!"
အဲ့လိုပြောတော့ မဝံ့မရဲခေါင်းမော့လာပြီး ရှောင်းကျန့်မျက်လုံးတွေကိုတော့ သေချာမကြည့်..
"မင်းနဲ့ဟောက်ရွမ်းကော အဲ့အခြေနေထိရောက်ပြီးသွားပြီလား?"
သူ့စကားကြားမှ ကျိရန်ကအထိတ်တလန့်မော့ကြည့်လာတယ်။
"ကျန့်ကျန့် မင်း..မင်းက ဘယ်လိုသိတာလဲ?"
"အော် ခုတော့ဝန်ခံပြီပေါ့..ငါလဲအဲ့လောက်တော့မတုံးပါဘူးကွာ ချစ်သူတွေအချင်းချင်း တနေ့ ဒါတွေရှိလာမယ်ဆိုတာ ငါသိပါတယ်"
"ဟို. ငါတို့ကချစ်သူဖြစ်တာမကြာသေးပဲ ဒီလိုနေမိတာဆိုတော့ မင်းကို.ငါ.ပြောရမှာ ရှက်လို့ပါ"
"အချိန်ကြာခြင်း မကြာခြင်းနဲ့မဆိုင်ပါဘူးကွာ မင်းဖက်ကရော သူ့ဖက်ကပါသေချာဖို့ပဲလိုတာပါ"
"ဘာကိုလဲ?"
"မင်းဖက်က သူ့အတွက်ပေးဆပ်သလို သူကလဲသူ့ဆန္ဒရဲ့နောက်ဆက်တွဲကိုတာဝန်ယူမယ်ဆိုတာ သေချာရင် ဒါကချစ်သူတွေကြားမှာ အချိန်ကြာခြင်း မကြာခြင်းနဲ့ မဆိုင်ဘူးလို့ပြောတာပါ"
"မင်းနဲ့ရိပေါ်ကော ကရော"
"ဟားးးး ကျိရန်ရယ် ကိုကို ငါ့အပေါ်ထားတဲ့သဘောထားကိုသိနေရက်နဲ့ မင်းမို့မေးတတ်တယ်"
မေးပြီးမှ သူ့ကိုအရမ်းအားနာမိတယ်။ရိပေါ်ကောရဲ့စိတ်ကိုသိနေပေမယ့် ကျန့်ကျန့်က ရိပေါ်ကောသာတောင်းဆိုရင် သူ့အရာရာကိုပေးမယ်ဆိုတာသိနေတော့ သူငယ်ချင်းလေးအတွက် စိတ်ပူလို့မေးလိုက်တဲ့ အမေးတစ်ခုရယ်ပါ။
"ဒါဆို ငါတစ်ခုမေးမယ်"
"အင်း မေး"
"ရိပေါ်ကောက တောင်းဆိုရင်ရော မင်းလိုက်လျောပေးမှာလား ငါ မင်းကိုအထင်သေးလို့မေးတာမဟုတ်ဘူးနော်"
YOU ARE READING
As Blind as A Mole (Complete)
Fanficကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024