စာမေးပွဲနောက်ဆုံးနေ့တော့ ကျန့်ငယ်ကို ကျောင်းသွားကြိုရင်း မုန့်အတူစားပြီး သူလေးပင်ပန်းတာတွေပြေပျောက်အောင် နောက်ရက်ကျရင် ဟောက်ရွမ်းတို့အတွဲနဲ့အတူ ဒီမြို့လေးနဲ့ကပ်ရက်မှာရှိတဲ့ ကမ်းခြေအပန်းဖြေစခန်းလေးဆီသွားလည်ကျဖို့စီစဥ်ထားတာကို ပြောလိုက်မိတယ်။
ပေါက်စကတော့ ကျွန်တော်နဲ့အတူသွားရမယ်ဆိုတော့ ပျော်နေလေရဲ့...သူပျော်နေတာမြင်ပြီး ကျွန်တော်တောင် သူ့အပျော်တွေကူးစက်ကုန်တာလားမသိ ရင်ထဲကကို အလိုလိုပျော်လာမိတာ။ချစ်မိသွားတဲ့အခါ ကိုယ်ချစ်တဲ့သူရဲ့အပြုံးလေးကိုမြင်နေရတာနဲ့တင်ကို ကိုယ်ပါပျော်ရပါလားဆိုတာ ကျွန်တော် ခံစားနားလည်လိုက်ရတယ်။အချစ်က တန်ခိုးကြီးလိုက်ပုံများနော်။
"ကိုကို တကယ် သွားမှာလား? ဟင်"
"တကယ်ပေါ့ ကျန့်ငယ်ရ"
"ဘာလို့ အဲ့လိုမေးတာလဲ"
"အာ ဟို ကိုကိုက ကျန့်ငယ်နဲ့ ဘယ်မှသိပ်မသွားဖူးလို့ မေးကြည့်တာပါ"
သူပြောမှ တွေးကြည့်မိတယ်။ဟုတ်သား သူနဲ့ကိုယ် ရည်းစားသက်တမ်း၅လသာပြည့်တော့မယ်။ရုပ်ရှင်ရုံတခါ ဟိုတလောက ကစားကွင်းကိုတခါပဲသွားဖူးတာလေ။သူကလဲ ဘယ်မှသွားဖို့ မတောင်းဆိုသလို ကိုယ်ကလဲ ဒီနယ်သားမဟုတ်တော့ ဘယ်နေရာမှာဘာတွေရှိမှန်းမသိတော့ ဘယ်မှ မသွားဖြစ်တာလဲပါတာပေါ့။
ခုလို ပေါက်စပျော်နေတာမြင်ရတော့ သူလဲထပ်တူပျော်မိတယ်။စောင့်နေပေးပါ ကလေးရယ်..အဲ့နေရာကိုရောက်ရင်တော့ ကိုကို မင်းကိုချစ်နေတာတွေ ဖွင့်ပြောပြတော့မှာပါ။
^^^°°°^^^
"ကော စောင့်နေရတာ ကြာပြီလား ဟင်"
"မကြာသေးပါဘူး စုန့်လေးရဲ့"
"ဒီရက်တွေ မတွေ့ရတော့ ကျွန်တော့်ကို သတိရနေရဲ့လား?"
"အင်း ကိုယ် စုန့်လေးကို တအားလွမ်းနေမိတာ ကိုယ်ကအလုပ်တွေများ စုန့်လေးကလဲစာမေးပွဲနဲ့ရှုပ်နေတော့ ဖုန်းဆက်လိုက်ရင် ပိုလွမ်းနေရမှာစိုးလို့ ကိုယ့်မှာအောင့်အီးသည်းခံနေရတာ"
YOU ARE READING
As Blind as A Mole (Complete)
Fanficကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024