အိမ်ရောက်တော့ အိပ်ပျော်နေတဲ့ ကျန့်ငယ်ကိုချီပြီး အခန်းထဲက ကုတင်ပေါ်သိပ်ထားလိုက်ကာ အောက်ပြန်ဆင်းရတယ်။လုပ်စရာတွေရှိသေးတယ်လေ။
ပါးနဲ့မားကို ခြံထဲပွဲစီစဉ်တာအတွက် ဘာတွေလိုသေးလဲမေးပြီး ကျန့်ငယ်မားကိုလဲ နှုတ်ဆက်စကားပြောရသေးတယ်။
ချန်းမင်ကောပါ ရှိနေလို့ ကျွန်းမှာ လိုအပ်တာတွေရယ် ပြင်ချင်တာတွေရယ် ဝန်ထမ်းကိစ္စတွေပါ တခါတည်း တိုင်ပင်ပြီး လုပ်ခိုင်းလိုက်ရတယ်။
Accident ဖြစ်တည်းက အလုပ်လုပ်တာနားထားတာမို့ ခုပြန်လုပ်တဲ့အခါ လိုအပ်တာတွေကများနေတာက မင်္ဂလာပွဲကပါ ကတိုက်ကရိုက်ပါဝင်လာတော့ လူအားလုံးက အလုပ်ကိုယ်စီနဲ့ ရှုပ်ရှပ်ကိုခတ်နေပါရော။
"သား ခဏလောက်နားလိုက်ပါဦးလား ခုမှပြန်ရောက်တဲ့ဟာကို ဘာတွေလောကြီးနေတာလဲ အလုပ်က နောက်လုပ်လဲရတဲ့ဟာကို"
မားက ပြန်လာတည်းက မနားပဲ laptop တလုံးနဲ့အလုပ်များနေလို့ ရိပေါ်ကိုအမြင်ကပ်နေပြီထင်တယ်။
"နားမယ် မား ကျန့်ငယ်ကိုလဲ သွားကြည့်ရဦးမယ် သား အပေါ်တက်ပြီနော်"
"အေး အေး ခဏနေ ရေချိုးပြီး ထမင်းဆင်းစားကျ မား သားတို့အကြိုက်တွေချက်ခိုင်းထားတယ်"
"ဟုတ် မား"
ကျန့်ငယ်က အိမ်လာနေဖူးတော့ မားက သူ့အကြိုက်တွေပါ သိနေတာက မဆန်း။
အခန်းထဲရောက်တော့ ကလေးကို ကုတင်ပေါ်မှာမတွေ့တာနဲ့ အခန်းထဲပတ်ရှာရသေးတယ်။ရေချိုးခန်းထဲက အသံကြားမှ...
"ကလေး ရေချိုးနေတာလား မြန်မြန်ချိုးနော်"
အသံလှမ်းပေးပြီး သူလေးဝတ်ဖို့ အဝတ်တွေပါ တခါတည်းထုတ်ထားလိုက်တယ်။
ရေချိုးခန်းထဲက bathrobe လေးဝတ်ထွက်လာတဲ့ ဗိုက်ပူလေးက ခေါင်းလျှော်လာလို့ သပတ်ယူပြီး ခေါင်းသုတ်ပေးရင်းက...
"အိပ်ရေးဝရဲ့လား ကလေး ကိုကိုက အောက်ဆင်းပြီး ပါးတို့နဲ့ ကျန့်ငယ်မားကိုပါ စကားသွားပြောနေတာ ကလေး မနိုးလောက်သေးဘူးထင်လို့လေ"
ဟိုတယ်မှာလို သူ့အနားမရှိတာကို ဝမ်းနည်းသွားမှာ ကိုယ့်ဖက်က ကြိုပြောထားရတာ။
YOU ARE READING
As Blind as A Mole (Complete)
Fanfictionကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024