ကျွန်းပေါ်က လက်ထပ်ပွဲအတွက် အကောင်းဆုံးဖြစ်အောင် အမြန်ဆုံးပြင်ဆင်ရသည်။လက်ထပ်လက်စွပ်ကိုလဲပြင်ဆင်ရ ကလေးအတွက်မင်္ဂလာဝတ်စုံလဲပြင်ဆင်ရနဲ့ ဒီရက်ပိုင်း ကလေးနဲ့တောင် ဝမ်ရိပေါ်သေချာမတွေ့ဖြစ်။သူလေးကလဲ မင်္ဂလာပွဲအတွက် သူဘာမှကူမပေးနိုင်လို့ စိတ်မကောင်းဖြစ်နေလေရဲ့..
သူ့ဘာသာ ဗိုက်ပူလေးနဲ့ ဖြစ်နေတာကို သူက ကိုယ့်ကူချင်နေသေးတာလေ။ဒီကလေးပေါက်ကတော့ အမြဲ ရိပေါ်ဖက်ပဲကြည့်ပေးနေတော့ အားတောင်နာလာမိတယ်။ကိုယ်ကလဲ သူနဲ့လက်ထပ်မယ့်ပွဲလေး အကောင်းဆုံးနဲ့အလှဆုံးဖြစ်ချင်တာမို့ ဒီလောက်ထိ အပင်ပန်းခံပြီး ကိုယ်တိုင်ကိုယ်ကျလိုက်လုပ်နေမိတာ။
အဖြူရောင်သတိုးသားဝတ်စုံလေးနဲ့ ကလေးက သိပ်ကိုလှတဲ့နတ်သားလေးလိုပဲ။
သူနဲ့ဆန့်ကျင်ဖက် ကိုယ်ကတော့အနက်ရောင် suit နဲ့..
အခမ်းအနားကိုမြင်ပြီး ပါးစပ်လေးမစိနိုင်အောင်ဖြစ်နေတဲ့ ကလေးပေါက်ကိုမြင်ပြီး ပင်ပန်းသမျှအမောတွေအကုန် ပြေပျောက်ကုန်ရတယ်။
"လှလိုက်တာ ကိုကိုရယ်"
"ကလေးသဘောကျရင် ကိုကိုလုပ်ပေးရကျိုးနပ်တာပေါ့"
ခေါင်းလေးညိမ့်ပြရင်း ပါးကိုပါလာနမ်းတယ်။ဒါက ကိုယ်တော်လို့ သူဆုချတဲ့ သဘောပေါ့။
"ကျေးဇူးတင်ပါတယ် ကိုကို ကျန့်ငယ်ကိုအများကြီးချစ်ပေးလို့"
"အင်း ဒီထပ်ပိုပြီး ကလေးမထင်ထားလောက်အောင်ကို ချစ်ပေးဦးမှာ ကလေးသာ အချစ်ခံနိုင်အောင်ပြင်ထား!"
ပါးလေးတွေရဲပြီး ခေါင်းလေးငုံ့သွားတယ်။ရှက်နေတာလေးကလဲ ချစ်ဖို့ကောင်းနေရောပဲ ကလေးရယ်။
"CEO ပွဲစတော့မယ် နေရာယူပါတော့တဲ့"
ချန်းမင်ကော လာပြောမှပဲ အခန်းထဲကနေ ပွဲထဲထွက်ဖို့ အင်္ကျီကို သေသေချာချာပြုပြင်လိုက်ပြီး..
"ကလေး ကိုကိုစောင့်နေမယ်နော်"
ကလေးကိုမှာပြီး အပြင်ထွက်လိုက်ကာ စင်မြင့်ဖက်ကို လျှောက်လာလိုက်တော့သည်။
YOU ARE READING
As Blind as A Mole (Complete)
Fanficကျွန်တော် ခင်ဗျားကိုမှ စုံလုံးကန်းမိသွားတာပဲ။ 4.8.2024