Ep 25 (uni)

6K 548 29
                                    

သင်္ခတို့ နှစ်ယောက် ထိုအခန်းထဲကထွက်လာသည်ထိ ဘာစကားမှမပြောနိုင်ပဲ ultrasound စာရွက်လေးကို နှစ်ယောက်သမား ကြည့်မ၀ဖြစ်နေကြသည်။ OG ဆရာမဆီလည်း တန်းမသွားနိုင်သေး။ ဆေးရုံရဲ့
လူရှင်းတဲ့ထိုင်ခုံလေးမှာ အရင်သွားထိုင်ကြရသည်။

"ကိုကို အံ့ဩစရာလေးနော်...ကလေးလေးက
နှစ်ယောက်တောင်ရောက်နေတာတဲ့"

"အင်း ဟုတ်တယ်... ကိုယ်လည်းအရမ်းအံ့ဩနေတာ"

"ဒီမှာ ဒီမှာ...လက်လေး ခြေလေးတွေက သေးသေးလေးတွေနော် အူးယားစရာလေး"

အသေးလေးပြတဲ့ပုံကိုကြည့်၍ သင်္ခစိတ်ထဲမရိုးမရွဖြစ်နေရသည်။ ကလေးလက်လေးတွေက သင်္ခလက်ချောင်းသာသာလေးတွေပဲရှိတာ။

"ကိုယ် ရင်ထဲဘယ်လိုကြီးနေမှန်းမသိဘူး..."

လပြည့်ကိုလက်နှစ်ဖက်ဖြင့်သိုင်းဖက်ကာ ခေါင်းဝှေ့ပြောလာတဲ့ကိုကို့အားကြည့်၍ ရယ်လိုက်မိ၏။
ကိုကို အူယားနေတာနေမှာ။ လပြည့်တောင် အသည်းတယားယားနဲ့ ရင်ထဲယားကျိကျိဖြစ်နေတာကို။

"အဲ့ဒါကြောင့် ဗိုက်လေးက ပိုကြီးနေတာနေမှာနော်...ကိုယ်တို့ကမရိပ်မိခဲ့တာ"

"အင်း ဟုတ်လောက်တယ်... လပြည့်တို့ဆီ ကလေးလေးတွေက အတူတူလာချင်ကြလို့ ရောက်လာတာလားမသိနော်ကိုကို"

"အဟင်း...ဟုတ်လောက်တယ် အား...!
ကိုယ် တကယ်ကွာ ရင်ထဲဘယ်လိုမှန်းကိုမသိဘူး"

"ခစ်ခစ်"

ကိုကိုက တကယ်ကိုအားမလိုအားမရတွေဖြစ်နေတာ။ ခြေထောက်တွေပေါက်လိုက်၊ လပြည့်ဆီခေါင်းကြီးတိုး၀င်လာလိုက်၊ ဗိုက်လေးပွတ်သပ်လိုက်နဲ့ သူ့မှာ
အိန္ဒြေကိုမရ။ ပုံမှန်ရုပ်တည်ကြီးနဲ့နေတတ်သူက အခုလူကောင်ကြီးမှအားမနာ ဂဏာမငြိမ်ဖြစ်နေပုံက အရမ်းကိုချစ်စရာကောင်းနေသည်။

"အဲ... ကိုကို မေနှိုင်းတို့ဆီဖုန်းဆက်ရအောင်လေ"

"ဟုတ်တယ် ဟုတ်တယ်...ခုဆက်လိုက်မယ်"

ကိုကိုက တအားကိုပျော်မြူးနေတာ။ ဖုန်းဆက်လိုက်တာနဲ့ တစ်ဖက်ကလည်း ချက်ချင်းတန်းကိုင်လေ၏။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now