Ep 29 (uni)

3.9K 414 21
                                    

အိပ်နေတဲ့ လပြည့်ဘေးမှာ ဟေမာန်ကသံပုရာသီးလေးကို နှာခေါင်းနားတေ့တေ့ပေးနေပြီး ကိုကြီးက ဘေးကနေ စောင်ခြုံပေးလိုက် လပြည့်ခေါင်းတွေယမ်းလာရင် ငြိမ်အောင်လုပ်ပေးလိုက်နှင့် အလုပ်ရှုပ်နေ၏။

"အငယ်မ...အဲ့သံပုရာသီးငါ့ကိုပေး နင်ကလေးတွေထားတဲ့အခန်းသွားကြည့်ချေအုံး ငါ့က‌လေးတွေကိုမှတ်မိတယ်မလား..."

ဟေမာန်ကြောင်ကြောင်လေးဖြစ်သွားသည်။ ‌ခုနကလည်း အမေ့ကိုသွားကြည့်ခိုင်းသေးတယ်။ ကြာရင် ဆရာမတွေကခဏခဏလာလို့ အော်လွှတ်တော့မှာ...!

"ကိုကြီးသွားကြည့်ချေလေ...လပြည့်ကို ဟေမာန်ကြည့်ထားလိုက်မယ်"

"ကျစ်!"

ဒီလိုကျလည်း သူအသေးလေးကို ပစ်မထားခဲ့နိုင်။ အသေးလေး နိုးမလာမချင်း အသေးလေးဘေးမှာသာ နေချင်ပါသည်။  သို့သော်ငြား တစ်ဖက်မှာလည်း ကလေးတွေကို စိတ်မချနိုင်ပြန်။

"သွားစမ်းပါ... တစ်ယောက်ထဲမသွားရဲရင် အဖေ့ဖြစ်ဖြစ်ခေါ်သွား"

"ဟားဟား! သားကြီးရာ မင်းနှယ်..ပူတက်ရန်ကော
ကလေးတွေက မပျောက်ပါဘူးကွ! ၃နာရီပဲ ဓာတ်ကင်ရမယ်ပြောတယ်"

"ကလေးလွဲသွားမှာစိုးလို့"

သင်္ခပြောတဲ့စကားကို ဦးသောမာန်က တဟားဟားအော်ရယ်၏။ သူ့သားရဲ့ ဒေါသထွက်တဲ့မျက်နှာကို မကြာခဏမြင်ဖူးပေမဲ့  အီးမှန်ထားသလိုဖြစ်နေတဲ့မျက်နှာကိုတော့ ပထမဆုံးမြင်ဖူးတာပင်။

"ကဲပါ မောင်သင်္ခရာ... ကျုပ်တို့လင်မယားသွားကြည့်
လိုက်ပါ့မယ် "

ယောက္ခထီးဖြစ်သူကမနေနိုင်စွာ ၀င်ပြောတော့ သင်္ခ
၀မ်းသာသွားရသည်။ ဘယ်လိုနေနေ သွားကြည့်မဲ့သူရှိရင် စိတ်အေးရပြီလေ။

"ဟုတ် အဖေ... ‌ကျေးဇူးပါ"

"ဟာဟား! အေးပါကွာ...ကဲ မေကြီးရေ ကျူပ်တို့မြေးတွေကိုတစ်ခါတည်းသာစောင့်ခေါ်ခဲ့ရအောင်"

"အို...အဲ့ဒါ‌လည်းကောင်းတာပဲ အပြင်ကလှမ်းကြည့်ရလည်း နည်းလား...လာလာ သွားကြမယ်"

အမကြီးတို့လင်မယားကို ဒေါ်နှိုင်းမေမှာ အားနာနာနဲ့သာ ပြုံးပြလိုက်ရသည်။ သူတို့လည်းမြေးတွေကို ကြည့်ချင်နေတာနဲ့ အံကိုက်ဖြစ်သွားလို့တော်သေးတာပေါ့။

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now