သင်္ခ အိပ်ယာကနိုးနေပြီဖြစ်ပေမဲ့ သူ့ရင်ဘတ်ပေါ်မှာအိပ်ပျော်နေဆဲဖြစ်တဲ့ အသေးလေးနိုးသွားမည်စိုးတာကြောင့် မလှုပ်ရဲ...။ အခုနောက်ပိုင်း သင်္ခအိပ်ဖြစ်တဲ့ပုံစံက အသေးလေးနေသာအောင်ဦးစားပေးအိပ်ဖြစ်နေတာမို့ ကုတင်ကိုခပ်လျောလျောမှီလျက်ချည်းသာ...။
ဒါတောင် ညက ခါးတွေနာပြီး ဆေးလိမ်းပေးတာတောင် တော်တော်နဲ့မသက်သာလို့ မနက် ၂နာရီလောက်မှအိပ်လို့ရသွားရှာတာ...။ ဒီနောက်ပိုင်း ကလေးတွေကလည်း အပြင်ထွက်လာချင်၍လားမသိ ခဏခဏ လှုပ်လိုက်၊ ကန်လိုက်နဲ့ဆိုတော့ ခံရတဲ့အသေးလေးခမျာ မသက်သာ...။ ညကတော့ တော်တော်နာလို့ထင်တယ် မျက်ရည်လေးတွေတောင်ကျတယ်။ အဲ့လိုနာကျင်ခံစားနေရတာမြင်ရတော့ သင်္ခ ဘယ်လိုမှစိတ်မကောင်းပေ...။ အဲ့ဒါကြောင့် ခုတလော ကိုယ်တတ်နိုင်တဲ့ဂရုစိုက်ခြင်းတွေနှင့်သာ ကြင်နာပြနေရသည်။ သူ အသေးလေးကို အရမ်းအားနာနေရပြီ...။သူ့ရင်ဘတ်ကိုမှီလျက် ဗိုက်ကလေးကို လက်လေးနှင့်ထိန်းကာ အိပ်ပျော်နေရှာသူလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ သူ့မှာ တစ်နေ့တစ်နေ့ ဒီကလေးလေးကို ချစ်မ၀၊ မြတ်နိုးမ၀...။ နဖူးပေါ် ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်လေးတွေကို သပ်သင်ပေးလိုက်တော့ မျက်နှာနုနုဖောင်းဖောင်းလေးက ရှင်းရှင်းလင်းလင်းပေါ်လာ၏။ ထို
ပါးဖောင်းဖောင်းလေးတွေထဲကို နစ်၀င်အောင်ထိနမ်းပစ်ချင်စိတ်ကို မနည်းချုပ်တည်းထားရသည်...။ လက်ချောင်းလေးတွေကလည်း ဖောင်းဖောင်းလေးတွေနဲ့ အူယားစရာလေးတွေ...။ ပင်ကိုယ်အသားဖွေးသူဆိုတော့ ဖွေးဖွေးလုံးလုံးလေးဖြစ်လာတာကို သင်္ခမှာအသည်းတယားယား... အမှန်တိုင်းပြောရရင် ဒီလို
လုံးတုံးတုံးလေးကို ပို၍ပင် ချစ်နေသေးသည်။ ဒါကိုပဲ ဒီအသေးလေးက သူ၀လာပါတယ်ဆိုပြီး မလှတော့ဘူးထင်နေသတဲ့...။ ဒီလူ ထားစရာမရှိအောင် ချစ်နေတာကို မခံစားမိဘူးလားမသိ။မြတ်နိုးရသူလေးကိုကြည့်ရင်း ကလေးလေးတွေမွေးလာရင် ဘယ်သူနဲ့တူမလဲတွေးမိသွားတဲ့အခါ သင်္ခနှုတ်ခမ်းသားတွေက အလိုလိုကွေးညွှတ်သွား၏။
အသေးလေးနဲ့သာတူရင် ချစ်စရာလေးတွေဖြစ်နေမှာကျိန်းသေတယ်ဆိုပေမဲ့ သူ၃ယောက်စာတော့ အူမတိုချင်...။ မေမေတို့က ဟိုတနေ့က ဗေဒင်သွားမေးတာ စနေနေ့မွေးတာကောင်းတယ်ဆိုတာကြောင့် ၁၁လပိုင်းထဲရောက်တာနဲ့ အစောဆုံးဖြစ်တဲ့ရက်ကို ခွဲမွေးဖို့ ဆုံးဖြတ်ထားကြသည်။ ကလေးတွေနာမည်ကိုလည်း
ခုထိမစဉ်းစားရသေး...။ ကလေးလေးတွေကို သူ့အသေးလေးရဲ့ နာမည်လေးလည်း ပါစေချင်သည်။ ၉လလုံးဒုက္ခခံလွယ်မွေးထားတဲ့ အသေးလေးအတွက် သူ့နာမည်ပါတဲ့ နာမည်လှလှလေးတွေဖြစ်စေချင်တာကြောင့် အမျိုးမျိုးစဉ်းစားနေရတာပင်....။
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး
Romanceintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ