Unicode
ထမင်းစားနေစဥ် Julia သည် ကေသရီခ၏ လက်ကောက်လေးကိုသာ အာရုံရောက်နေသည်။
"လက်ပတ်လေးက အရမ်းလှလိုက်တာ .... အဓိပတိ ဘယ်ကဝယ်ပေးလဲမသိဘူးနော်...."
တက်ကြွသော အသံနှင့် အရောင်တစ်လက်လက်တောက်နေသောမျက်ဝန်းများက သူ(မ) ၏ လိုချင်တပ်မက်မှုကို မဖုံးဖိထားနိုင်လောက်အောင်ပင်။
သူ(မ) လိုချင်သည့်အဖြေသည် ထိုလက်ကောက်လေးတွင်ရှိရမည်ဟု မသိစိတ်က ယုံကြည်နေသည်။
သူ(မ)၏ အတွေ့အကြုံအရ ထိုလက်ကောက်ရှိကြာပွင့်ငယ်လေးများသည် ဆင်စွယ်နှင့်မတူပဲ အရိုးတစ်ခုခုအား ထွင်းထုပုံဖော်ထားမှန်း တပ်အပ်သိပါသည်။ထို့အပြင် သေးမျှင်ပြောင်လက်လှသော ငွေချည်မျှင်လေးများကလည်း ပဟေဠိ တစ်ခုလို တွေးတော စရာအပြည့်ဖြင့်ဖြစ်သည်။
"နင် ဝတ်ကြည့်မလား ...... "
ကေသရီခသည် မိန်းကလေးချင်း နားလည်သဘောပေါက်မှုဖြင့် စိတ်ရင်းအတိုင်းမေးလိုက်သည်။
"နင်နဲ့ဆိုလည်း လိုက်မယ်ထင်တယ်.....ကြိုက်ရင် အသစ်တစ်ခု သွားဝယ်ဖို့ ဆိုင်လိပ်စာ မေးပေးမယ်...ရော့ ဝတ်ကြည့်..."
ရှောရှောရှူရှူ ပင် ကေသရီခက သူ(မ) လက်မ လက်ပတ်လေးအား ချွတ်ကာ Julia အား ကမ်းပေးလိုက်သည်။
Julia သည် ထိုလက်ပတ်လေးကို ယူကာ အနီးကပ်လှည့်ပတ်ကြည့်ရှုလိုက်သည်။ ကြည့်သည်ထက် စစ်ဆေးသလို လုပ်နေခြင်းဖြစ်သည်။
ထို့နောက် သူ(မ) လက်တွင် ပတ်ကာအနည်းငယ် လှုပ်ရမ်းလိုက်သည်။
"လှတယ် .... နင်နဲ့လည်းလိုက်တာပဲ .... ယူမလား ....ဆိုင်လိပ်စာမေးပေးမယ်လေ ...."
ထိုစဉ် ရုတ်တရက် Julia ၏ လက်ကောက်ဝတ်တွင် တစ်စုံတစ်ရာ မူမမှန်သလို ခံစားလိုက်ရသည်။
"အ...ပူတယ် ...ပူတယ် .... "
Julia သည် နှုတ်မှ ဗလုံးဗထွေး အော်လိုက်သော အာမေဋိတ်အသံနှင့်အတူ သူ(မ) လက်မှ လက်ပတ်ကို အလျင်အမြန်ဆွဲချွတ်လိုက်သည်။
လက်ပတ်လေးသည် အောက်ပြုတ်ကျသွားလေသည်။ကေသရီခသည်လည်း ရုတ်တရက် တောင့်တင်းသွားကာ သူ(မ) ဆွဲဖြုတ်လိုက်သောလက်ပတ်လေး ကို တလှည့် Julia ကိုတလှည့် နားမလည်သည့် အကြည့်မျိုးဖြင့် အကြောင်သား ကြည့်နေမိသည်။

YOU ARE READING
Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ)
Romance"ဒါက ကိုယ့်ရဲ့ အသက် အမြူတေ ပါ ။ ကိုယ့် အသက် ၊ ခန္ဓာ ၊ ကိုယ့်မာန ၊ သိက္ခာ ကိုယ့်စိတ်ဝိဉာဥ် အရာအားလုံးကို မဖုရားထံ ကျေနပ် ရိုကျိုးစွာ အပ်နှင်းပါတယ် ။ မဖုရား စိတ်ထဲရှိတဲ့အတိုင်း နှစ်သက်သလို အပြစ်ပေး စီရင်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို နှိပ်စက်ဖျ...