Chapter - 56 - ဝေဒနာ

869 34 4
                                    

Unicode

အရေပြားကို ဆွဲခွာနေသလို နာကျင်မှုက တဆစ်ဆစ်နှင့် သူ့ တကိုယ်လုံးကို ၀ါးမြိုနေသည်။ သဘာ၀ခြင်းမတူညီသော လူ့ဘုံတွင် အရာအားလုံးက သူ့အားတိုက်စားနေသလိုမျိုး အခံရခက်စေသည်။

နတ်နဂါးဘုံတွင် အရေခွံလဲခြင်းသည် ယခုလောက် မခက်ခဲသော်လည်း လူဘုံတွင် နေရာအကျယ်အ၀န်းနှင့် တကွ လေထုကပါ ပို၍ ခက်ခဲအောင်ဖန်တီးပေးနေသလိုဖြစ်နေသည်။

တစ်ရက်ခွဲအချိန်သည် သူ့အတွက် တစ်နှစ်လောက်ရှည်ကြာသည် ထင်ရလောက်အောင်ပင် ဖြစ်သည်။

နောက်ဆုံးတော့ အရေခွံလဲခြင်းကိစ္စသည် ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ထို အချိန်သည် နဂါးတစ်ကောင်အတွက် အားအနည်းဆုံး အချိန်ဖြစ်ကာ လှုပ်ရှားမှုပင် မပြုနိုင်အောင် ပင်ပန်း နွမ်းနယ်နေချိန်ဖြစ်သဖြင့် အဓိပတိသည် အခန်းတွင်းမှ ထွက်မလာနိုင်သေးပေ။ သူ့ခန္ခာကိုယ် တစ်ခုလုံးသည်လည်း မွေးခါစ သားပေါက်လေးလို အထိ မခံနိုင်အောင် နူးညံ့ဖျော့တော့ကာ အားနည်းလွန်းသည်။

ခန္ဓာ အသစ် ပြန်လည်မွေးဖွားခြင်းဖြစ်သဖြင့် အချိန်ခဏတော့ အနားယူရဦးမည်ဖြစ်သည်။ လဲလှယ်ပြီး
သွားသော အရေခွံ အဟောင်းကို တန်ခိုးစွမ်းအားဖြင့် ဖျက်ဆီးပစ်လိုက်ပြီးနောက် အဓိပတိသည် အားအင်ကုန်ခမ်းကာ အိပ်ယာပေါ်သို့ လဲကျသွားလေသည်။

ကျောရိုးများသည် မတ်မတ်မထားနိုင်ပဲ ပျော့ပျောင်းနေသလို ကြွက်သားများသည်လည်း ထိုနည်းတူစွာပင်။

အဓိပတိသည် ထုံးစံအတိုင်း မလိခ အား အိမ်မက် မက်လျက် အိပ်ပျော်သွားလေသည်။

............................................................................

Julia သည် အလုပ် ကိစ္စ အတွက် Survey ကောက်ချင်သည်ဟူသော အကြောင်းပြချက်ဖြင့် နောက်တစ်နေ့ မနက်ပိုင်းတွင် ကေသရီခထံ ရောက်လာလေသည်။

စားချင်စဖွယ် ကိတ်မုန့် လေးများ ကိုလည်း လက်ဆောင်ယူလာပြီးနောက် တစ်အိမ်လုံးမှ အိမ်အကူများနှင့် ရင်းနှီးကျွမ်း၀င်အောင် မိတ်ဆက်ကာ လူတိုင်းကို အကဲခတ်လေ့လာသည်။

  Faithfulness In The Heart (နှလုံးသား၌ သစ္စာတည်စေ) Where stories live. Discover now